ရီရဲလ်၊ ဘိုင်ယန်နဲ့ မန်စီးတီးတို့ Play-off ကစားရမယ့် ချန်ပီယံလိဂ်ရလဒ်များ (အားကစားသတင်း)

ရီရဲလ်၊ ဘိုင်ယန်နဲ့ မန်စီးတီးတို့ Play-off ကစားရမယ့် ချန်ပီယံလိဂ်ရလဒ်များ (အားကစားသတင်း)

ယခုရာသီမှာ အသင်း ၃၆ သင်းပါဝင်ပြီး ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားပွဲစဉ် ၈ ပွဲ ပြီးဆုံးခဲ့ပြီဖြစ်လို့ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားခဲ့တဲ့ ၈ သင်းနဲ့ Play-off ကန်ရမယ့် ၁၆ သင်းစာရင်း ထွက်ပေါ်လာခဲ့သလို ဇယားအောက်ဆုံး ၁၂ သင်းကလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။

အုပ်စုအဆင့်ပွဲစဉ်မှာ ပြိုင်ပွဲဝင် ၃၆ သင်းဟာ အသင်း ၁ သင်းကို ပြိုင်ဘက် ၈ သင်းနဲ့တွေ့ဆုံခဲ့ရတာဖြစ်ပြီး အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ယှဉ်ပြိုင်ခဲ့ရတာပါ။ 

အဆင့် ၁ ကနေ ၈ အထိ ၈ သင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်မှာဖြစ်လို့ လီဗာပူးလ်၊ ဘာစီလိုနာ၊ အာဆင်နယ်၊ အင်တာမီလန်၊ အက်သလက်တီကိုမက်ဒရစ်၊ လေဗာကူဆင်၊ လိုင်လီ၊ အက်စတွန်ဗီလာ စတဲ့အသင်းတွေက ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အဆင့် ၂၅ ကနေ ၃၆ အထိ ၁၂ သင်းက ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။

အဆင့် ၉ ကနေ ၂၄ အထိ ၁၆ သင်းကတော့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ play-off အိမ်ကွင်း အဝေးကွင်း ၂ ပွဲ ကစားရမှာဖြစ်ပြီး ရှုံးတဲ့အသင်း ၈ သင်းက ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။ Play-off ကစားရမယ့်အထဲမှာ ရီရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အေစီမီလန်၊ ပီအက်စ်ဂျီ၊ ဂျူပင်တပ်၊ မန်စီးတီး စတဲ့ အင်အားကြီးအသင်းတွေလည်း ပါဝင်ပါတယ်။

Play-off ကစားမယ့် ၁၆ သင်းရဲ့ ပွဲစဉ်တွေကိုတော့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ မဲခွဲကြမှာ ဖြစ်ပါတယ်။

Photo - UEFA Champions League.

#မြေလတ်အသံ

#အားကစား #ချန်ပီယံလိဂ် #၁၆သင်း #ရှုံးထွက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10