သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ သရုပ်ဆောင်အချို့လိုက်ပါလာတဲ့အိမ်စီးကားနဲ့ ကုန်တင်တွဲကားတိုက်မိပြီး သရုပ်ဆောင် ၂ ဦးအပါ အိမ်စီးကားပေါ် ပါ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် မနေ့ညနေ ၅ နာရီခန့်မှာ ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကို ယာဥ်မောင်း ကိုစိုင်းသီဟန် မောင်းနှင်လာတဲ့ မတ်တူးအိမ်စီးကားနဲ့ လားရာတူမောင်းနှင်နေတဲ့ တွဲကားတို့ မိုင်တိုင် ၁၆/၁ နဲ့ ၁၆/၂ အကြားမှာ တိုက်မိခဲ့တာလို့ဆိုပါတယ်။
" ယာဥ်တိုက်မှုကတော့ ကားကြီးကသွားနေတာကို အရှိန်များသွားတယ်ထင်ပါတယ်။ ကားကြီးသွားနေတာကို နောက်ကနေဝင်တိုက်တာနေမယ်။ ကျနော်တို့ကဖြစ်ပြီးမှရောက်သွား တာဆိုတော့ လမ်းဖြတ်ကူးသူကိုရှောင်ပြီးတိုက်တာ ဟုတ်၊ မဟုတ်တော့မသိရဘူး " လို့ ယာဥ်တိုက်မှုမှာကူညီပေးခဲ့သူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းကိုစိုင်းသီဟန်မှာ ညာလက်မောင်းပေါက်ပြဲနဲ့ ညာခြေထောက်ကျိုးဒဏ်ရာ၊ ယာဥ်ပေါ်ပါ မေမြတ်နိုးခင်(သရုပ်ဆောင်) မှာ နှာခေါင်းသွေးထွက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ၊ မေတ္တာမြင့်မြတ်ဟိန်း(သရုပ်ဆောင်) ခါးပွန်းပဲ့၊ တင်ပါးပွန်း ခြစ်ဒဏ်ရာ၊ ကိုအောင်သူအောင်မှာ ဝဲဘက်လည်ပင်းပွန်းခြစ်၊ ရင်ညွှန့်အောက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို နယ်မြေခံလူမှုကူညီရေးအသင်းတွေက ပဲခူးမြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ် ဇွန် ၁ ရက်ကလည်း ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆယ်မိုင်ကုန်းအဆင်းမှာ တွဲကားနဲ့အုတ်တင်ကားတိုက်လို့ ၈ ဦးဒဏ်ရာရသွားတယ် သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #အင်းတကော် #ယာဥ်တိုက်မှု #ဒဏ်ရာရ
Share Share Share