သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်က ရေကြည်ဦးကျေးရွာအနီး ဒေသကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးရေးဂိတ်ဟောင်း ဒရုန်းဗုံးသီးချခံရလို့ ခရီးသွားတွေထိခိုက်ဒဏ်ရာရတယ်လို့ ဇီးကုန်းတိုက်နယ်ပကဖထံက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက် ၁၁ နာရီကျော်ခန့်မှာ ပျူစောထီးအားကောင်းတဲ့ ကျောက်ဆည်ကန်ရွာ၊ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာကနေ ဒရုန်း ၃ စီးလွှတ်တင်ပြီး ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
"ကျောက်ဆည်ကန်ပျူရွာကနေ ဒရုန်းလွှတ်တာ။ ဗုံးလာချတဲ့နေရာက မီတာ ၁၀,၀၀၀ လောက်ရှိမယ်။ သူတို့က လမ်းပေါ်ချတာဆိုတော့ ဖြတ်သွားဖြတ်လာကားတွေပေါ်ကျတာ။ ထိတဲ့သူတွေထဲက အမျိုးသမီး ၁ ယောက်ကတော့ စိုးရိမ်ရတယ်။"လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။
ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲလို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ဗိုက်ပွင့် ဒဏ်ရာပြင်းထန်ရပြီး နောက်ထပ်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဒဏ်ရာရခဲ့သေးတယ်လို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေဆီ ပို့ဆောင်ကုသပေးနေပြီး သူတို့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါလို့ သူက ဆက်ပြောပါတယ်။
ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ရေကြည်ဦးစစ်ဆေးရေးဂိတ်မှာ ခရီးသွားကားတွေကို တားဆီးစစ်ဆေးတာတွေ မလုပ်တော့တာ ၂ လနီးပါးရှိနေပြီဖြစ်လို့ ယခုဒရုန်းဗုံးသီးချ တိုက်ခိုက်ခံရမှုမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေဘက်က ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၈ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ကျီကျင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်မှာ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ခရီးသွားကားတွေကို စစ်ဆေးချိန် စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးသီးချလို့ သံဃာ ၁ ပါး၊ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး၊ ခရီးသွား အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၅ ဦးသေဆုံးပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးအပါအဝင် ၉ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။
ပုံစာ - စစ်ကောင်စီ တပ်သားသစ်သင်တန်းတွင် ဒရုန်းသင်ခန်းစာ သင်ကြားနေပုံ။
စာတည်း - ကိုချမ်း
# မြေလတ်အသံ
#ရေကြည်ဦး #စစ်ဆေးရေးဂိတ် #ဒရုန်း #ဗုံးသီး #ကျောက်ဆည်ကန်
Share Share Share