သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းမြို့၊ မြကြာနွယ်ရေခဲစက်ရုံက ဝန်ထမ်းအမျိုးသား ၂ ဦးကို ဇူလိုင် ၁၀ ရက်ည ၁၀ နာရီမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးမှာအသတ်ခံရကာ နောက် ၁ ဦးမှာ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူမှာ ရေခဲစက်ရုံရဲ့ ညစောင့်ဝန်ထမ်း အောင်ခိုင်စိုး ၂၃ နှစ်ဖြစ်ပြီး ဇူလိုင် ၁၄ ရက်ဒီနေ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူမှာ ညစောင့်ဝန်ထမ်း ဝေယံ ၂၂ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။
"စကစတွေက စက်ရုံထဲကိုလာဖမ်းတာ။ ဖမ်းတဲ့အချိန်မှာပဲ အောင်ခိုင်စိုးကို ပစ်သတ်လိုက်တာ။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာတော့ မသိရဘူး" လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
အဲ့ဒီညစောင့်ဝန်ထမ်း ၂ ဦးမှာ ညီအစ်ကိုဝမ်းကွဲတော်စပ်ပြီး ရေခဲစက်ရုံမှာ လုပ်ကိုင်နေတာဟာ ၁ နှစ်ခန့်ရှိပြီဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ဒါ့အပြင် ၎င်းတို့ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ မြကြာနွယ်ရေခဲ စက်ရုံအနီးမှာရှိတဲ့ တပ်မ ၃၃က စစ်ကောင်စီ တပ်သားတွေဖြစ်ကြပြီး စက်ရုံမှာတပ်ဆင်ထား တဲ့ CCTV ကိုပါ ဖြုတ်ယူသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၉ ရက်မှာလည်း စစ်ကိုင်းမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် အမျိုးသမီး ၂ ဦးအပါအဝင် ၉ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့သေးတယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောဆိုခဲ့ပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်း #စစ်ကောင်စီ #မြို့ခံလူငယ် #ေရခဲစက်ရုံ #ဝန်ထမ်း #ဖမ်းဆီး #သတ်ဖြတ် #ပျောက်ဆုံး #တပ်မ၃၃
Share Share Share