သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်၊ ၅ လမ်းမှာ ရေခဲသေတ္တာ မိန်းထုတ်အပူလွန်ကဲမီးလောင်ရာမှ နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၄ ရက်မနက် ၁ နာရီဝန်းကျင်မှာ ကလျာဏီ ၅ လမ်းနေ ဒေါ်သိန်းသိန်းမာနေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
"ရေခဲသေတ္တာ ဝါယာရှော့ (110) ကနေပြီးတော့မီးထလောင်တာ။ အမေဖြစ်သူ အိမ်ပါပါသွားတာ။ အိမ်နှစ်လုံးကလည်းကပ်လျက်။ ခြံစည်းရိုးပဲ ခြားတယ်။ အိမ်တွေမှာကလည်း လူနည်းတော့ လူမထိဘူး"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
မီးလောင်လို့ သစ်သားနေအိမ် ၂ လုံးနဲ့ အိမ်တွင်းပစ္စည်းတွေ အားလုံးမီးလောင်ပျက်စီးခဲ့ပြီး လူတွေကတော့ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မီးလောင်ခဲ့တဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တာကြောင့် မီးလောင်ပြီးနာရီဝက်ကျော်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေက မိသားစုဝင် ၄ ဦးကတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၁၆ ရက်ကလည်း ပဲခူးမြို့၊ ကလျာဏီရပ်ကွက်က ဇေတဝန် ဘုန်းကြီးကျောင်းအတွင်းရှိ ၂ ထပ်ကျောင်းဆောင်မှာထားရှိတဲ့ လျှပ်စစ်မီတာပုံးကနေ အပူလွန်ကဲပြီး မီးလောင်လို့ ၂ ထပ်ကျောင်းဆောင် ၁ ဆောင်လုံး မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကလျာဏီ #မီးလောင် #ပျက်စီး
Share Share Share