ရေစကြိုက ဆင်မရဲရွာစစ်စခန်းကို ရက် ၂၀ကျော်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ ■ တပ်ကြပ်ကြီးတဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိ (ရုပ်/သံ)

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာက စစ်အုပ်စုတပ်စွဲထားတဲ့စခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့  ညီနောင်သုံးဖော်(YSO) အဖွဲ့တာဝန်ခံက ပြောပါတယ်။

တပ်မ ၁၀၁ က စစ်သားတွေနဲ့ ရွာခံပျူစောထီးအပါ စုစုပေါင်း အင်အား ၃၀ နဲ့အထက် တပ်စွဲနေထိုင်တဲ့ ဆင်မရဲရွာကို ရက် ၂၀ ကျော်အကြာ တိုက်ခိုက်အပြီးမှာ စခန်းသိမ်းနိုင်ခဲ့ပြီး တပ်ကြပ်ကြီး ၁ ဦးအပါ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းကို သြဂုတ် ၂၈ ရက်ကနေ စက်တင်ဘာ ၂၀ ရက်အထိ ဒရုန်းနဲ့ ဗုံးကြဲချပြီး စက်တင်ဘာ ၂၁ ရက်မှာ မြေပြင်ကနေ ဝင်တိုက်ကာ စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

"ဒရုန်းနဲ့က မြေပြင်ဝင်ရောက်မတိုက်ခိုက်ခင်အချိန်ထိ ဗုံးကြဲချခဲ့တာ။ စစ်**တွေ အထိုင်ချနေတဲ့ အထက်တန်းကျောင်းနေရာတွေ၊ ရွာလယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်တိုးအိမ်၊ ရွာတောင်ဖျားမှာရှိတဲ့ ဘန်ကာတွေကို အဓိကထားဗုံးကြဲခဲ့တာ" လို့ ညီနောင်သုံးဖော်(YSO) တာဝန်ခံက ပြောပါတယ်။

ဗုံးသီး အလုံး ၁၀၀ ကျော်ကို ဒရုန်းနဲ့ နေ့ရာ ညပါ သြဂုတ် ၂၈ ရက်ကနေ ရက် ၂၀ကျော်အကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်မှာ မြေပြင်ကနေပါ ဝင်ရောက်တိုက်ခိုက်ရင်း စခန်းတခုလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

"မြေပြင်ကတိုက်ခိုက်ခဲ့တာက ရွာရဲ့မြောက်ဖျားမှာရှိတဲ့ ဘန်ကာတခုပဲ မသိမ်းပိုက်နိုင်ခဲ့တာ။ ဒါကလည်း ဝေဟင်ကနေ စစ်တပ်က ရဟတ်ယာဉ်နဲ့ ၄ ကြိမ် လာရောက်ပစ်ကူပေးပြီး ကျောက်လှေခါး ၁၁၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာကြောင့်ပါ။" လို့ ညီနောင်သုံးဖော်(YSO) တာဝန်ခံက ပြောပါတယ်။

တလနီးပါးအကြာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပြည်သူ့စစ်ခေါင်းဆောင် နေအောင်နဲ့ တပ်ကြပ်ကြီးတဦး သေဆုံးကာ စစ်သားအချို့နဲ့ပျူစောထီးတွေ စခန်းစွန့်ပြီးထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

"တပ်ကြပ်ကြီးရဲ့ အလောင်းကိုတော့ သူတို့ သင်္ဂြိုဟ်သွားတယ်။ သူတို့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အလောင်းကိုတော့ ဒီတိုင်းပဲ ရွာပြင်မှာ ပစ်ထားခဲ့တာ။ ကျနော်တို့ ရှင်းလင်းရေးဝင်ပြီးမှ ရဲဘော်တွေ လုပ်ပေးလိုက်ရတာ။" လို့ ညီနောင်သုံးဖော်(YSO) တာဝန်ခံက ဆက်ပြောပါတယ်။

စခန်းသိမ်းပြီးနောက် MA အောက်တွဲ ၁ လက်၊ ကျည် ၁၄ တောင့်၊ G 3  ၁လက်၊ ကျည် ၃၀ တောင့်၊ ကာဘိုင် ၂ လက်၊ ကျည် ၇၆၅ တောင့်၊ ရှော့ဂန်း ၄ လက်၊ ၄၀ မမ ဗုံးသီး  ၁ လုံး၊ Jammer အထိုင်စက် ၁ လုံး၊ လက်ပစ်ဗုံး  ၅ လုံးနဲ့ ရှေ့ထွက်မိုင်း ၁ လုံးတို့ကို ရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ညီနောင်သုံးဖော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO)၊ Urban Underground Revolution Force၊ ပခုက္ကူခရိုင်တပ်ရင်း(၁၀)(၃)(၂)၊‌ ဒေါင်းသွေးနီပြောက်ကျား တပ်ဖွဲ့(YSO)၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့(PKU)၊ ဒေါင်းညီနောင်၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ သွေးသောက်(YSO)၊ RDF(PKU)၊ Burma Revolution Group၊ မြောင်တပ်ပေါင်းစု၊ နဂါးနီအထူးတပ်ဖွဲ့(မြိုင်)၊ Myaing Revolution Team၊ Dragon Brother (YSO)၊ ဒရုန်းတပ်ဖွဲ့(မြိုင် ပကဖ)၊ RC Plane တပ်ပေါင်းစု၊ Drone အဖွဲ့တွေကတော့ ညီနောင်သုံးဖော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO)၊ Urban Underground Revolution Force၊ မြင်းခြံခရိုင်တပ်ရင်း ၁၊ ပခုက္ကခရိုင်တပ်ရင်း ၃၊ ၁၀၊ ဆင်းရိုင်းရာဇာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) ဖရီးဒမ်းဖဒရယ် စစ်ကြောင်း (၁)၊ Royal PKU Underground နဲ့ ပခုက္ကခရိုင် Local တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း- ဈာန်မြင့်၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ဆင်မရဲရွာ #စစ်စခန်းသိမ်း #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10