ရေစကြို၊ ဂွေးချိုက စစ်ကောင်စီတပ်ဖွဲ့ ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို၊ ဂွေးချိုရွာမှာ တပ်စွဲထားတဲ့ ရေစကြို ခလရ-၂၅၇ တပ်က စစ်သားတွေကို ရော့ကတ် ၁၂ လုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ သေဆုံးမှုတွေရှိတယ်လို့ Tartay Revolution Force-TRF အဖွဲဆီက သိရပါတယ်။

ဂွေးချိုရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးတွေနဲ့  စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ၂ မိုင်ခွဲအကွာအဝေးကနေ ရော့ကတ် ၁၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီရွာမှာ ပျူစောထီး ၁၃ ဦး စစ်ကောင်စီတပ်သား ၂၀ ခန့် ရှိနေပြီး မြေပြင်သတင်းအရ ပျူစောထီး ၃ ဦးနဲ့ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးတယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို Tartay Revolution Force-TRF၊ Cobra-One ပခုက္ကူကျေးလတ်ကာကွယ်ရေး၊ စနေမင်း-ပြည်သူကာကွယ်ရေးမြိုင်၊ 7-star ရေစကြို နဲ့ ဘငြိမ်ပျောက်ကြားတပ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် ကလည်း ပခုက္ကူနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို Tartay Revolution Force-TRF အဖွဲက ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကေးတိုင်း #ရေစကြို #မြေလတ်သတင်း #ရပသံသတင်း #ရော့ကတ် #ပျူစောထီး #စစကောင်စီ #တော်လှန်ရေးအင်အားစု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10