ရေစကြို စုပေါင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခံရလို့ ကင်းသမားတဦး သေဆုံး( ရုပ်/သံ)

ရေစကြို စုပေါင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခံရလို့ ကင်းသမားတဦး သေဆုံး( ရုပ်/သံ)

ရေစကြို၊ မေ ၅၊ ၂၀၂၃။


မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံဝန်းရှေ့မှာရှိနေတဲ့ ကင်းစခန်းထဲက စစ်ကောင်စီတပ်သားတွေကို မေလ ၄ ရက်ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားစနစ်နဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ခလရ ၂၅၈ က တပ်သားတွေအပါအဝင် စစ်သားနဲ့ရဲအင်အား ရာနဲ့ချီပြီးရှိတဲ့ အဲ့ဒီရုံးဝန်းထဲကို မနေ့ညနေ ၅ နာရီခွဲမှာ ပစ်ခတ်ခဲ့ကြတာလို့ Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။

"ဒီကောင်တွေက ပခုက္ကူဘက်ကအင်အားတွေခေါ်ပြီး ရေစကြိုမြို့ပေါ်မှာ တိုးချဲ့ထားတာ။ လွန်ခဲ့တဲ့ ၃ ရက်က ပြည်သူအိမ်တွေဖျက်ဆီးတာ‌တွေလည်းရှိတယ်။ ဒါကြောင့်မလို့ ကျနော်တို့ဘက်က သတိပေးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ" လို့ ပြောပါတယ်။

ပစ်ခတ်ခံရလို့ စစ်သားတဦးသေဆုံးတယ်လို့ အတွင်းသတင်းအရ သိခဲ့ရပြီး စစ်သားတွေဘက်က ပြန်ပစ်တာမျိုးလည်းရှိကာ ၆၀ မမ ဗုံးသီးတွေကိုလည်း မြို့ထဲကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန်နဲ့ မြို့ထဲက ပြန်ထွက်ခဲ့ရတဲ့ ကြာချိန်စုစုပေါင်း နာရီဝက်နီးပါး ရှိခဲ့ပြီး အနောက်ကလိုက်ပစ်လို့ လွတ်အောင် ရှောင်ထွက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10