ရေစကြိုနယ်ထဲမှာ စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက်၊ စစ်သား ၁၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရဟုဆို

ရေစကြိုနယ်ထဲမှာ စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက်၊ စစ်သား ၁၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အောက်တိုဘာ ၃ရက် မနက် ၅ နာရီလောက်မှာ ပခုက္ကူမြို့ကနေ ရေစကြိုမြို့နယ်ထဲကို ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ရေစကြိုမြို့နယ် သဲတောရွာနဲ့ ထန်းငယ်တောရွာအထွက်မှာ စောင့်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Southern Yesagyo PDF ခေါင်းဆောင်ဗိုလ်အောင်မောင်းက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သဲတောနဲ့ ထန်းငယ်ရွာအကြားကို မနက် ၉နာရီလောက်မှာ ရောက်လာခဲ့ကြပြီး နောက်ချန်အင်အား ၃၀ လောက်ထားခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ချိန် အဲ့ဒီ ၃၀က လက်နက်ကြီးနဲ့ ပစ်ကူခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်ကို ၆၀ လောက်တက်လာတယ်။ လက်နက်ကြီးကလည်း တိုက်ပွဲမဖြစ်ခင်ကတည်းက ကျနော်တို့ဘက်ကို ပတ်ပတ်စက်စက်ပစ်တာ။ ၄၀ မမ  ၆၀ မမ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်" လို့ ဗိုလ်အောင်မောင်းက ပြောပါတယ်။

တိုက်ပွဲက စစ်ကောင်စီနဲ့ ၇တောင် ၈တောင်လောက်အကွာအဝေးလောက်အထိ အနီးကပ်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က ၁၈ဦးနီးပါး သေဆုံးပြီး ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ပခုက္ကူဆေးရုံကို အလောင်း ၁၈ လောင်းရောက်လာပြီး ၃ ဦးဒဏ်ရာပြင်းထန်ကာ မစိုးရိမ်ရ ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိတယ်လို့ သတင်းပေးတွေဆီက တဆင့်သိရတယ်လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာကလည်း "ဒီကောင်တွေသေတာက ၁၅ ကောင်သေတယ်။ ဆေးရုံရောက်မှ နောက်ထပ် ၃ ကောင်သေတော့ ၁၈ ကောင်သေတယ်။ ၁၀ ကောင်ဒဏ်ရာရတယ်။ လူနာတင်ကားနဲ့ ၅ ခေါက် လာသယ်ရတယ်။"လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ရေစကြို ခလရ ၂၅၇နဲ့ ခလရ ၂၅၈ ကစစ်သားတွေဖြစ်ပြီး 

တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် စစ်ကူပေးဖို့ ၁၀ ဘီးကားတစီးနဲ့ ပျူစောထီးတွေ ရောက်လာကြသေးတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ခိုက်မှုမှာ Southern YSO PDF၊ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်-BNRA၊ Yesagyo Revolution Group (YRG)၊ ဒေါင်းစစ်သည်၊ King Cobra၊ မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁၊ ဒေါင်းသွေးနီ၊ Shwe Nyar Myae People Defence Force တို့ပါဝင်တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ရေစကြို #စစ်ကောင်စီစစ်ကြောင်း #PDF #ပူးပေါင်းအဖွဲ့ #တိုက်ခိုက် #စစ်သား #သေဆုံး #ဒဏ်ရာရ #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10