ရေစကြိုနယ်မှာ ခလရ ၂၅၇ စစ်ကြောင်း ၂ ကြိမ်ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စိုင်သေရွာတောရိုးကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်သားတွေကို နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက  ၂ ကြိမ်တိုင်တိုင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၇ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပကဖဆီက သိရပါတယ်။

ဩဂုတ် ၁၇ ရက် နေ့လယ် ၁၀ နာရီဝန်းကျင်မှာ စိုင်သေရွာနဲ့ မြေမလှရွာအကြားမှာ တကြိမ်၊ ညနေ ၄ နာရီမှာ တောင်ဦးနဲ့ မြေမလှရွာအကြားမှာ တကြိမ် တရက်တည်း ၂ ကြိမ်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"တိုက်ခိုက်တာက နာရီဝက်လောက်ကြာတယ်။ သေဆုံးတာကတော့ ၇ ကောင်သေတယ်။ ခလရ ၂၅၇ တပ်က စစ်သားတွေပါ။ တိုက်ခိုက်ပြီးနောက် ခလရ ၂၅၇ တပ်ထဲကနေ ကား ၂ စီးထွက်လာတယ်။ တစီးကတော့ အထောက်ကားဖြစ်ပြီး တစီးကတော့ ဖောကားနဲ့ လူအင်အားချိန်းတယ်။ ဒဏ်ရာရတာဟာတွေ သေတဲ့ဟာတွေ အဲ့ဒီကားနဲ့တင်ပြီး ပြန်ဆုတ်သွားတယ်"လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပကဖ ရဲဘော်ဝေကြီးက ပြောပါတယ်။

စစ်သားသေဆုံးမှုကို ရဲဘော်တွေမျက်မြင်‌တွေ့ရတာဖြစ်သလို ဒရုန်းနဲ့ကြည့်တာမှာလည်း မြင်ရတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ နဲ့ နွေဦးစစ်သည် YSO-ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း ခလရ ၂၅၇ တပ်ထဲကထွက်လာတဲ့ စစ်သား ၈ ဦးကို မြေဖြူကျေးရွာနဲ့ အောင်မိုးလမ်းခွဲမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်- ဇို

#မြေလတ်အသံ

#ရုပ်သံသတင်း #ရေစကြို #စိုင်သေရွာတောရိုး #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက် #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10