ရေစကြို ပ.က.ဖ ဆီ ရဲတပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ

ရေစကြို ပ.က.ဖ ဆီ ရဲတပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့၊ နံ့သာဟေဝန်ပန်းခြံထဲမှာ တပ်စွဲနေတဲ့ ရဲတပ်ကြပ်ကြီး ၁ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ဆီကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ  ၂၉ ရက် မနေ့က ညနေ ၄ နာရီလောက်မှာ နံ့သာဟေဝန်ပန်းခြံထဲကနေ ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၀ နဲ့အတူ အလင်းဝင်လာခဲ့တာလို့ ရေစကြို-ပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

"ကျနော်တို့ရဲဘော်တွေက သူတို့တပ်စွဲထားတဲ့အနီးအနားအထိ သွားရောက်ခေါ်ဆောင်ခဲ့ရတယ်။ အမည်ကတော့ မဖော်ပြတော့ဘူး။ သူ့အတွက်လုံခြုံရေးကရှိသေးတယ်။ သူ့ရဲ့ရာထူးကတော့ ရဲတပ်ကြပ်ကြီးပေါ့။ သူကအရင်က နေပြည်တော်မှာတာဝန်ကျတာ။ ရေစကြိုမြို့နယ်ကို ပြောင်းလာတာ ၅ လပဲရှိသေးတယ်" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

 

လက်ရှိနောက်ဆုံး ဝင်လာတဲ့ ရဲတပ်ကြပ်ကြီး အပါအဝင် ရေစကြိုမြို့နယ်-ပ.က.ဖ အဖွဲ့ဆီ အလင်းဝင်လာသူ စုစုပေါင်း ၅ ဦး ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

စာတည်း-နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြိုနယ် #ပကဖ #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #တပ်ကြပ်ကြီး #အလင်းဝင်ရောက် #နွေဦးတော်လှန်ရေး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10