ရေစကြို မင်းရွာက ပျူစောထီးစခန်း ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာက စစ်ကောင်စီနဲ့ပျူစောထီးတွေတပ်စွဲထားတဲ့ နေရာတွေကို စက်တင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်အထိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ကြပါတယ်။ 

ရွာမြောက်ဘက် ဘုရားတွေပေါ်မှာတပ်စွဲနေတဲ့ စစ်သား ၃၀ ကျော်နဲ့ ရွာတောင်ဘက်ရှိ စာသင်ကျောင်းဆောင်တွေမှာ တပ်စွဲနေတဲ့ ရဲနဲ့ပျူစောထီး ၇၀ ကျော်တို့ကို တိုက်ခိုက်ခဲ့တာပါ။ 

စက်တင်ဘာ ၂၁ ရက်မှာ ဗုံးသီး ၉ လုံး၊ ၂၂ ရက်မှာ ဗုံးသီး ၁၁ လုံးနဲ့  ၂၃ ရက်မနက်ပိုင်းမှာပါ ဗုံးကြဲချခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်ညီနောင် PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘယ်တပ်ရင်းကလဲဆိုတာကိုတော့ အတည်မပြုနိုင်ဘဲ ရွာရဲ့နေရာတော်တော်များများမှာ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲနေပြီး အင်အားက ၁၀၀ အထက်မှာရှိနေတယ်လို့ ဆိုပါတယ်။  

အိမ်ခြေပေါင်း ၃၀၀ ဝန်းကျင်ရှိတဲ့မင်းရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး စစ်ကောင်စီဘက်က တပ်စွဲထားတာကလည်း ၂ နှစ်ကျော်ရှိပြီလို့ ရဲဘော်ညီနောင် PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရဲဘော်ညီနောင် PDF၊ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ နဲ့ နောင်ရိုးအထူးပြောက်ကျားတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #မင်းရွာ #ပျူစောထီးစခန်း #ဒရုန်း #ဗုံးကြဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10