ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဒဏ်ရာရဟု ပကဖပြော

ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဒဏ်ရာရဟု ပကဖပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်စီမံကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး လိုက်ပါလာတဲ့ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုပစ်ခတ်နိုင်ခဲ့တယ်လို့  ရေစကြိုပကဖ က ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနေ့ ညနေ ၄ နာရီကျော်မှာ ရေစကြိုစစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြေ့အောင် အပါ ၅ ဦးလိုက်ပါလာတဲ့ အိမ်စီးကားကို မြို့အဝင်ဆိုင်းဘုတ်အနီးမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" ပစ်ခတ်တဲ့နေရာက ရေစကြိုရဲစခန်းနဲ့ ဆိုင်းဘုတ်ကြားမှာ။ ပစ်တဲ့အချက်ရေကတော့ မနည်းဘူး။ ကားကမရပ်ဘူး မောင်းပြေးသွားတယ်"လို့ ရေစကြိုပကဖ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဗိုလ်မှူး ချမ်းမြေ့အောင် ဟာ ခလရ ၂၅၇ တပ်ရင်းကဖြစ်ပြီး ရေစကြို-မန္တလေးလမ်းပိုင်းရှိ အဆိုပါခလရ ၂၅၇ တပ်မှ ရေစကြိုမြို့ထဲကို ပြန်လာချိန် သတင်းအရ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဗိုလ်မှူး ချမ်းမြေ့အောင်ရဲ့ ခြေထောက်နဲ့ လက်တွေမှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး ကျန်ကားပေါ်ပါသူတွေရဲ့ ထိခိုက်မှုအခြေနေကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်စီမံကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး စီးနင်းလာတဲ့ကား ပစ်ခတ်ခံရပေမယ့် ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်တွေက အခင်းဖြစ်နေရာကို လာရောက်စစ်ဆေးတာနဲ့ ရှာဖွေတာတွေမလုပ်ဆောင်နိုင်ဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီး တိုးဂိတ်ဟောင်းမှာ မိုင်းအတုကို ပစ်ခတ်ရှင်းလင်းပြီး လာကြည့်တဲ့ စစ်ကောင်စီအဖွဲ့ ပေပါမိုင်းနဲ့တိုက်ခိုက်ခံခဲ့ရပါသေးတယ် ။

ပုံစာ - ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး ချမ်းမြေ့အောင်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ရေစကြို #စစ်ကောင်စီအဖွဲ့ဝင် #ဗိုလ်မှူး #ပစ်ခတ်ခံရ #တိုက်ပွဲသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10