ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို လက်လုပ် ၄၀ မမနဲ့ PDF တွေ တိုက်ခိုက်

ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို လက်လုပ် ၄၀ မမနဲ့ PDF တွေ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်လုပ် ၄၀ မမနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ရေစကြိုမြို့ ရုံးပေါင်းစုံထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂ ရက်မှာ ဒေသကာကွယ်ရေး ရဲဘော်တွေက လက်လုပ် ၄၀ မမနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြတာပါ။

အဲဒီ ရေစကြိုမြို့ ရုံးပေါင်းစုံထဲမှာက ပျူစောထီးတွေ၊ နေပြည်တော်က ရဲတပ်ဖွဲ့ဝင်တွေ၊ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ က စစ်သားတွေနဲ့ ပခုက္ကူတပ်က စစ်သားတွေ တပ်စွဲနေထိုင်နေတာလို့ သိရပါတယ်။

“လက်လုပ် ၄၀ မမနဲ့  ၂ ချက်ပစ်တာပါ။ ၁ ချက်က မထွက်ပါဘူး။ ၁ ချက်ကတော့ထွက်ပြီးတော့ သူတို့နေတဲ့အဆောက်အဦတွေထဲက အနောက်အဖျားဆုံးအဆောင်ကို တည့်တည့်ကျခဲ့တာပါ။ အဲ့ဒီမှာ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရသွားတယ်” လို့ Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် မိနစ် ၂၀ လောက်မှာ စစ်ကောင်စီဘက်က ၆၀ မမနဲ့ ၄ လုံးပြန်ပစ်တာကြောင့် မြို့ပေါ် ရပ်ကွက်ထဲက အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့ နဲ့ YSO-TPGပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့ #စစ်ကောင်စီ #MyingyanBlackTiger #MBT #YSO #TPG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10