သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် ၇ ရပ်ကွက်မှာ စစ်အုပ်စုနဲ့ ပျူတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၁၁ နာရီခန့်မှာ ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကထွက်လာတဲ့ စစ်သားနဲ့ပျုစောထီး ၅၀ ဦးခန့်ကို ရေစကြို အမှတ် ၇ ရပ်ကွက်မှာ လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၅ ဦးခန့်ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ ပြည့်ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ရေစကြို #စစ်သား #ပျူ #တိုက်ခိုက်ခံရ
Share Share Share