ရေစကြိုမြို့ပေါ်က စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

ရေစကြိုမြို့ပေါ်က စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အောက်တိုဘာ၂၈ ရက် မနက် ၅နာရီကျော်မှာ အနီးကပ်သွားတိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ Black Wolf PDF-MDYက ပြောပါတယ်။

စစ်သားနဲ့ပျူ အင်အား ၃၀ ကျော်နဲ့ တပ်စွဲနေတဲ့ ရေစကြို အမှတ်၂ ရပ်ကွက်ရှိ စုပေါင်းရုံးကို တဖက်ပွင့်ရှော့တိုက်မိုင်း ၁ လုံးနဲ့ ရုံးရဲ့ဝင်ပေါက်ကနေ တိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရုံးရဲ့ဝင်ပေါက်ရှေ့မှာ ရှော့တိုက်မိုင်းကို စွန့်ပြီးသွားထောင်လိုက်တာ။ ရုံးမှာဂိတ်က တောင်ဘက်နဲ့မြောက်ဘက်၂ ခုမှာရှိတယ်။ ဝင်ပေါက်က အဲ့ဂိတ်၂ ခုကြားမှာရှိတာ"လို့  မန္တလေးခရိုင် တပ်ရင်း ၃ တပ်ခွဲ ၃ (Black Wolf PDF-MDY) တပ်ခွဲမှူး ဗိုလ်သမိုင်းက ပြောပါတယ်။

စစ်သား ၃ ဦးသေဆုံးတာကတော့ လက်လုပ်ရှော့တိုက်မိုင်း တိုက်ခိုက်မှုအတွင်းမှာ မျက်မြင် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ကျန် ၂ ဦးသေဆုံးတာကိုတော့ အတွင်းဖရဲသီးက အောက်တိုဘာ ၃၀ ရက် ဒီကနေ့မှာ သတင်းပေးပို့လာလို့ အတည်ပြုခဲ့တာဖြစ်ကြောင်း ဗိုလ်သမိုင်းကပြောပါတယ်။

အပြန်အလှန်တိုက်ခိုက်ချိန်ကတော့ ၃ မိနစ်ခန့်ကြာခဲ့ပြီး PDFရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ MDY-PDF မန္တလေးခရိုင်တပ်ရင်း ၃၊ Black Wolf PDF-MDY တပ်ရင်း ၃ တပ်ခွဲ ၃၊ ဒေါင်းညီနောင် တပ်ရင်း ၃ တပ်ခွဲ ၃ နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၀ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ၂၂ ရက်မှာလည်း ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားစခန်းကနေ ချင်းတွင်းမြစ်အတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီသင်္ဘော ၄ စီးကို မြစ်ကမ်းတနေရာကနေ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရေစကြို #စုပေါင်းရုံး #ရှော့တိုက်မိုင်း #ပစ်ခတ်တိုက်ခိုက် #စစ်သား #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10