ရေစကြိုမြို့ပေါ်က ပြည်သူ ၂ ဦး ရေစကြို-ပခုက္ကူကားလမ်းမှာ ပစ်သတ်ခံရ

ရေစကြိုမြို့ပေါ်က ပြည်သူ ၂ ဦး ရေစကြို-ပခုက္ကူကားလမ်းမှာ ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး တိုးဂိတ် ရေစကြို-ပခုက္ကူသွားလမ်းမှာ ပြည်သူ ၂ ဦးပစ်သတ်ခံရတယ်လို့ ရေစကြို ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ရေစကြိုဘက်ကနေ ပခုက္ကူဘက်ကို အိမ်စီးကားနဲ့လာတဲ့ အသက် ၅၁ နှစ်ရွယ် ဦးကျော်ကျော်နဲ့ အသက် ၃၀ နှစ်အရွယ် ယာဥ်မောင်းဖြစ်သူ ဇော်ဝမ်းထူး တို့  ၂ ဦးကို လက်နက်ကိုင်သူတွေက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ပစ်ခံရတဲ့သူတွေက ပြည်သူတွေပါ။ ရေစကြိုမြို့ပေါ်က ကုန်မာဆိုင်ရောင်းသူဆိုင်ရှင်နဲ့ သူ့ယာဥ်မောင်းပါ။ အခြေအနေကိုတော့ စုံစမ်းနေဆဲပါ" လို့ ရေစကြို ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ပြည်သူ ၂ ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့တွေက ပစ်သတ်သွားတယ်ဆိုတာသိရဖို့ လိုက်လံစုံစမ်းနေ တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ ဦးကျော်ကျော်နဲ့ ဦးဇော်ဝမ်းထူးတို့ ၂ ဦးမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

သေဆုံးအလောင်းတွေကိုတော့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ရေစကြိုပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

ဩဂုတ် ၃၁ ရက်က ရေစကြိုမြို့နယ်၊ ကံသစ်ရွာနဲ့ကျီးကန်းကျေးရွာကြား ရေစကြို-ပခုက္ကူကားလမ်းပေါ်မှာ ရဲရင့်အားမာန်ဆောက်လုပ်ရေးကုမ္ပဏီကား အပစ်ခံရပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဝန်ထမ်း ၅ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့နယ် #ကျောက်လှေကားကျေးရွာ #ရေစကြိုပခုက္ကူကားလမ်း #အသတ်ခံရ #ပြည်သူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10