ရေစကြိုမြို့ပေါ်တိုက်ပွဲမှာ အသက်၂၄နှစ်အရွယ် PDF တဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်က မြို့ပေါ်တိုက်ပွဲတခုမှာ Myingyan Black Tiger (MBT) အဖွဲ့က ရဲဘော်တဦးသေဆုံးခဲ့ပါတယ်။

 

ဧပြီလ ၂၀ရက် မနေ့က မနက် ၄နာရီလောက်မှာ ရေစကြိုမြို့ အမှတ် ၄ ဖောင်တော်ဦး ရပ်ကွက်မှာ စစ််ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ငြိမ်းဇာနည်စခန်းနဲ့ စုပေါင်းရုံးတွေကို တိုက်ခိုက်ရင်း အသက် ၂၄ နှစ်အရွယ် ရဲဘော် စောလေး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့တာပါ။

PDF မဟာမိတ် ၆ ဖွဲ့လောက် ပူးပေါင်းပြီး စုပေါင်းရုံးနဲ့ ငြိမ်းဇာနည်စခန်းတို့ကို တပြိုင်တည်း ဝင်တိုက်ခဲ့ကြတာဖြစ်ပြီး လက်လုပ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ Myingyan Black Tiger (MBT) ဗိုလ်မိုက်ခဲက ပြောပါတယ်။

ငြိမ်းဇာနည်စခန်းမှာ အင်အား ၁၂ယောက်ဝန်းကျင်ရှိပြီး စုပေါင်းရုံးမှာတော့ အင်အား ၁၀၀ ဝန်းကျင်ရှိကာ ငြိမ်းဇာနည်စခန်းသိမ်းနိုင်ခါနီးအချိန်မှာ ရဲဘော်စောလေး ဦးခေါင်ကျည်ထိမှန်သေဆုံးခဲ့တာလို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ၅ဦးသေဆုံးပြီး ၁၁ဦးလောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သတင်းပေးချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွင်းသေဆုံးခဲ့တဲ့ ရဲဘော်စောလေးကို မနေ့က ညနေ ၅နာရီလောက်မှာ မီးသင်္ဂြိုလ်ခဲ့ပြီး ရက်လည်မတိုင်ခင် အာဇာနည်ဗိမ္မာန်လုပ်ပေးနိုင်ဖို့ စီစဥ်နေကြပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10