ရေစကြိုမြို့ပေါ် ရပ်ကွက် ၄ ခုကို စစ်ကောင်စီက ပုံစံ ၁၀ ကောက်ပြီးနောက် အမျိုးသားတချို့ နေရပ်ကတိမ်းရှာင်

ရေစကြိုမြို့ပေါ် ရပ်ကွက် ၄ ခုကို စစ်ကောင်စီက ပုံစံ ၁၀ ကောက်ပြီးနောက် အမျိုးသားတချို့ နေရပ်ကတိမ်းရှာင်

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၆ ထဲက ရပ်ကွက် ၄ ခုကို စက်တင်ဘာ ၂၁ ရက် ဒီမနက် ၂ နာရီလောက်မှာ စစ်ကောင်စီအဖွဲ့က ပုံစံ ၁၀ (အိမ်ထောင်စုစာရင်း) လိုက်ကောက်ခဲ့ပြီးနောက်မှာ ဒေသခံလူငယ်တချို့လည်း နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ 

မြို့မရပ်ကွက်၊ ပုလဲစုရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နဲ့ ပြည်သာယာရပ်ကွက်က နေအိမ်တွေကို စစ်သား၊ ရဲ၊  ပျူစောထီး၊ လဝက၊ မီးသတ်နဲ့ ကြက်ခြေနီ စုပေါင်းအင်အား ၄၀ လောက်ပါတဲ့အဖွဲ့က ပုံစံ ၁၀ လိုက်ကောက်ခဲ့ကြတာပါ။ 

ခုလိုလိုက်ကောက်ပြီးတဲ့နောက်မှာ အဲ့ဒီရပ်ကွက်တွေထဲက လူငယ် ၂၀၀ ကျော်လောက်က စစ်မှုထမ်းရမှာကိုစိုးရိမ်ပြီး နေရပ်ကတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ 

“အမှတ် ၆ က အုပ်ချုပ်ရေးမှူးရှိနေသေးတဲ့ ရပ်ကွက်တခုဖြစ်တယ်။ အဲ့ဒီရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ပျူစောထီး ခေါင်းဆောင်လုပ်နေတာ။ အမည်က မင်းအောင်ပါ။ ပုံစံ ၁၀ ကောက်တဲ့ အကြောင်းကတော့ လိုအပ်ရင် စစ်မှုထမ်းခိုင်းဖို့လို့ သိရတယ်။ ရပ်ကွက်ထဲက လူငယ်တော်တော်များများ ရှောင်ကြတိမ်းကြရတယ်။ တချို့ လူငယ်တွေလည်း စစ်မှုထမ်းရမှာကြောက်လို့ ထွက်ပြေးနေကြရပြီ”လို့ ရေစကြိုဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီရပ်ကွက် ၄ ခုပေါင်းမှာ အိမ်ခြေ ၈၀၀ နဲ့ လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိတဲ့အနက် အခုပုံစံ ၁၀ မကောက်ခင်နဲ့ ကောက်ပြီးနောက်ပိုင်း အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အရွယ် ထွက်ပြေးတိမ်းရှောင်သူအမျိုးသား ၆၀ ရာခိုင်နှုန်းလောက်ရှိနိုင်တယ်လို့ အထက်ပါမြို့ခံက ခန့်မှန်းပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာဒုတိယပတ်အတွင်းကလည်း ရေစကြိုမြို့ အမှတ် ၈၊ ဇေယျဝတီရပ်ကွက်က အမျိုးသား ၇၀ ဦးကို စစ်ကောင်စီအဖွဲ့တွေက စစ်မှုထမ်းဖို့ခေါ်သွားပြီး လူလတ်ပိုင်း ၅၀ ဦးကို ရုံးပေါင်းစုံထဲမှာသင်တန်းပေးနေကာ သက်ကြီးပိုင်း ၂၀ လောက်ကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

ရေကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံမှာ စစ်ကောင်စီကအထိုင်ချတပ်စွဲနေပြီး မြို့ပေါ်ရပ်ကွက်တွေကို ဝင်ရောက် စီးနင်း ပစ်ခတ်တာ၊ ဒေသခံတွေကိုဖမ်းဆီးတာတွေလည်း လုပ်တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ 

ပုံစာ - နေပြည်တောင်ကောင်စီနယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းကောက်ယူနေစဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ပုံစံ၁၀ #ကောက်ယူ #ဒေသခံထွက်ပြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10