ရေစကြိုမြို့လယ်ခေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ အနီးကပ်တိုက်ခိုက်ခံရ

ရေစကြိုမြို့လယ်ခေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ အနီးကပ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့လယ်ခေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာလ ၇ ရက် မွန်လွဲ ၁၂ နာရီကျော်မှာ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့လယ်ခေါင်က စည်ပင်သာယာရပ်ကွက်မှာရှိတဲ့ စုပေါင်းရုံးထဲမှာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၄၀ မမ ၁ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ငယ်တွေပါ ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။   

"၄၀ မမက ရုံးရဲ့ အရှေ့အဝင်တံခါးနားမှာ ကျသွားတယ်။ အဲ့ဒီမှာ ကင်းစောင့်နေတဲ့ စကစ ၃ ကောင် ထိသွားတာ။ သေဆုံးမှုရှိ၊မရှိ ကိုမသိရဘူး"လို့ Myingyan Black Tigerရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ခိုက်နေချိန်အတွင်း စစ်ကေင်စီဘက်ကလည်း ပြန်လည်တိုက်ခိုက်တာတွေ ရှိခဲ့တာကြောင့် မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက် ည ၇ နာရီကျော်မှာလည်း အဲ့ဒီစုပေါင်းရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက အနီးကပ်တိုက်ခိုက်ခံရတာကြောင့် စစ်သား ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger ဆီက သိရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ
#မကွေး #ရေစကြို #MyingyanBlackTiger #စစ်ကောင်စီ #တိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10