ရေစကြိုမှာ စစ်မှုထမ်းဟောင်းရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းနဲ့ဗုံးသီးချခံရ

ရေစကြိုမှာ စစ်မှုထမ်းဟောင်းရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းနဲ့ဗုံးသီးချခံရ

မကွေးတိုင်း၊ ရေစကြိုမြို့ကမ်းနားရှိ မြို့နယ်စစ်မှုထမ်းဟောင်းရုံးနဲ့ ညောင်ပင်ဆိပ်ကမ်းက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတို့ကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရတယ်လို့ Myingyan District Drone Strike Team(MDDS) ဆီက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီကျော်မှာ ပျူအင်အား ၁၀ ဦးကျော်ရှိနေတဲ့ စစ်မှုထမ်းဟောင်းရုံးကို ဒရုန်းနဲ့ဗုံးသီး ၄ လုံး၊ ညောပင်ဆိပ်ကမ်းက စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ၄ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ပထမအကြိမ်က စစ်မှုထမ်းဟောင်းရုံးကို ချတယ်။ နောက်တကြိမ်က စကစ တပ်စွဲနေရာကိုချတာ။ ဆိပ်ကမ်းမှာက သူတို့လာပြီးကတည်းက အရပ်သားတွေကို မလာခိုင်းတာဆိုတော့ အရပ်သားမရှိဘူး။"လို့ MDDS ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးချခံရလို့ စစ်မှုထမ်းဟောင်းရုံးက ပျူစောထီး မောင်မြင့်ခိုင်ဆိုသူ ​ပေါင်ပြတ်ဒဏ်ရာရသွားသလို ညောင်ပင်ဆိပ်ကမ်းက စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တာကို သတင်းပေးတွေဆီက ပြန်သိရတယ်လို့ ပြောပါတယ်။

စစ်မှုထမ်းဟောင်းရုံးကို ဒရုန်းဗုံးချချိန် ပျူတွေဘက်က လက်နက်ငယ်တွေနဲ့ဒရုန်းကို လိုက်ပစ်ခတ်တာရှိပေမယ့် ဆိပ်ကမ်းဗုံးချမှုမှာတော့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်တာမရှိဘူးလို့ ဆိုပါတယ်။

ဒရုန်းနဲ့ဗုံးသီးချခံရလို့ ထိခိုက်သေဆုံးသူတွေကို စစ်ကားနဲ့တင်ပြီး ရေစကြို မြို့မရဲစခန်းဘက်ကို မောင်းသွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဖူလုံရွာအနီးက ခလရ ၂၅၇ ထဲမှာ တပ်တွင်းသင်္ကြန်လုပ်နေတဲ့အချိန် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - အောက်တိုဘာ ၁၄ ရက် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဒရုန်းနှင့် တပ်ဖွဲ့ဝင်များ။ 

စာတည်း - ဇို

#မြေလတ်အသံ

#မြေလတ်သတင်း #ရေစကြိုသတင်း #မကွေးတိုင်း #ဒရုန်း #ဗုံးသီး #တိုက်ခိုက် #စစ်တပ် #စစ်မှုထမ်းဟောင်း #သေဆုံး #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10