သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့၊ ဂွက်ကြီးကျေးရွာနဲ့ အလယ်သောင်ကျေးရွာအကြားမှာ စစ်သားနဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇွန်လ ၂ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဆင်ချောင်းရွာနဲ့ ဂွေးချိုရွာက စစ်သားနဲ့ ပျူစောထီးတွေ စုပေါင်းပြီး အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပစ်ခတ်တိုက်ခိုက်ချိန်က မိနစ် ၃၀ လောက်ကြာတယ်၊ ပစ်ခတ်တိုက်ခိုက်ချိန်အတွင်းမှာ **တကောင်ကို ဆွဲခေါ်သွားတာ ရဲဘော်တွေမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်”လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး G 3 ကျည်ဘောက် ၁ ဘောက် G 3 ကျည် ၁၀ တောင့် အီကွေ့မန့် ၁ ခုတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁က စစ်သားတွေလည်း ပါဝင်ပြီး တိုက်ခိုက်ပြီး နောက် ညနေ ၅ နာရီလောက်မှာ ဟင်္သာကျေးရွာဘက်ကို ဆက်သွားခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာသိမ်းချိန် ကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လဆန်း ပိုင်းအထိ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ၂၀၀ နီးပါးရှိခဲ့ပြီး စစ်သားနဲ့ရဲ ၁၀၀ ဝန်းကျင်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ရေစကြို #စစ်ကောင်စီ #တိုက်ပွဲ
Share Share Share