ရေစကြိုမှာ ဆောက်လုပ်ရေးကုမ္ပဏီကား ပစ်ခတ်ခံရပြီး ၅ ဦး သေဆုံး

ရေစကြိုမှာ ဆောက်လုပ်ရေးကုမ္ပဏီကား ပစ်ခတ်ခံရပြီး ၅ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ရွာနဲ့ ကျီးကန်းကျေးရွာအကြား ရေစကြို - ပခုက္ကူကားလမ်းပေါ်မှာ ဆောက်လုပ်ရေးကုမ္ပဏီကားတစီး ပစ်ခတ်ခံရပြီး ကားပေါ်လိုက်ပါလာသူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီလောက်မှာ ရေစကြိုကနေ ပခုက္ကူဘက်ကို လာတဲ့ ရဲရင့်အားမာန်ဆောက်လုပ်ရေးကုမ္ပဏီကားကို လက်နက်ကိုင်အဖွဲ့အစည်းတခုက ပစ်ခတ်ရာမှာ အထက်ပါ ၅ ဦး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"ကုမ္ပဏီကားပစ်ခံရတာက ဟုတ်တယ်။ စကစနဲ့ပတ်သက်မှုရှိ မရှိတော့မသိရဘူး။ အလောင်းတွေကိုတောင် ဒီမနက် (စက်တင်ဘာ ၁)မှ စကစ ဘက်က လာစစ်ပြီးကောက်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ကားပေါ်ပါ ဒေါ်အေးအေးအောင် ၄၀ နှစ်၊ အင်ဂျင်နီယာ မခိုင်နွယ်လင်း ၃၀ နှစ် နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၃ ဦးတို့ ကျည်ထိသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်ကြေညာလာတာ မတွေ့ရသေးပါဘူး။ 

စက်တင်ဘာ ၁ ရက် ဒီမနက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က အင်အား ၅၀ ကျော်ဟာ ကံသစ်နဲ့ ကျီးကန်းရွာဘက်ကို စစ်ကြောင်းဝင်ရောက်လာပြီး စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ရေစကြို #ဝန်ထမ်း၅ဦး #ပစ်ခတ်မှု #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10