ရေစကြိုမှာ တပ်အရာရှိတဦးရဲ့အိမ်ထောင်ပြောင်းကားကို ဖမ်းဆီးရမိ

ရေစကြိုမှာ တပ်အရာရှိတဦးရဲ့အိမ်ထောင်ပြောင်းကားကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၈ တပ်က အရာရှိတဦးရဲ့ အိမ်ထောင်ပြောင်း Canter ကား ၁ စီးကို စက်တင်ဘာ ၁ ရက် မနေ့ မနက် ၇ နာရီကျော်က ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီကားဟာ ခလရ ၂၅၈ က ဗိုလ်ကြီး ဇော်လင်း ပိုင်ဆိုင်တဲ့ အိမ်ထောင်ပရိဘောဂပစ္စည်း‌တွေ သယ်ဆောင်လာတာဖြစ်ပြီး ရေစကြိုတပ်ကနေ ပုဂံ-ညောင်ဦးဘက်ကို တပ်ပြောင်းရွှေ့လာတာဖြစ်ကာ ယာဉ်မောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ မိသားစုဝင် ၂ ဦးတို့လည်း ပါရှိတယ်လို့ ဆိုပါတယ်။

“ ကားကတော့  စစ်ကောင်စီအသုံးပြုတဲ့လုပ်ငန်းစဉ်တိုင်း ဒီကားကိုအသုံးပြုနေတာ။ ကျနော်တို့ စောင့်ကြည့်နေတာ ၂ လနီးပါးလောက်ရှိပြီ။ စစ်ကောင်စီက ပြည်သူကားယောင်ယောင်နဲ့ ဒီကားကို အသုံးပြုနေတာ” လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

ကားပေါ်မှာ ဗိုလ်ကြီးဇော်လင်း ပိုင်ဆိုင်တဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ အင်းဝဘဏ်စာအုပ် နဲ့  သင်တန်းဆင်းပြီးလက်မှတ်တွေ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ကားဟာ စစ်ကောင်စီလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ကားဖြစ်တဲ့အတွက် အဆိုပါကားကို တော်လှန်ရေးလုပ်ငန်းစဉ်အတွက် သုံးဆွဲသွားမှာဖြစ်ကာ တပ်မိသားစုဝင် ၂ ဦးနဲ့ ယာဉ်မောင်းတို့ကို လတ်တလောမှာ စိစစ်မေးမြန်းနေပြီး ၃ ဦးလုံးကို ပြန်လွှတ်ပေးဖို့ရှိတယ်လို့ ဗိုလ်အောင်မောင်းက ဆိုပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်တပ် #အရာရှိ #ကား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10