ရေစကြိုမှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက ဒေသခံနေအိမ် ၁၅ လုံးကိုမီးရှို့

ရေစကြိုမှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက ဒေသခံနေအိမ် ၁၅ လုံးကိုမီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁ ရက် မနက် ၇ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီအဖွဲ့ကို လင်းကတောနယ်မြေစခန်းနဲ့ နီပဆေးတောရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ 

“ထိတွေ့မှုက သိပ်မကြာခဲ့ဘူး။ ကျနော်တို့ ကင်းသမားတွေက အရင်တွေ့လို့ပစ်ခတ်ခဲ့တာ။ ၁ ဦးလည်း ကျသွားတယ်။ သေဆုံးနိုင်ချေတော့ များပါတယ်။” လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ နီပဆေးတောရွာထဲကိုဝင်ရောက်ကာ တအိမ်ဝင်တအိမ်ထွက် မွှေနှောက်ရှာဖွေပြီး နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီအဖွဲ့တွေကို ရွာကပြန်ထွက်ပြီး လင်းကတောနယ်မြေစခန်းထဲကိုပြန်ချိန် ညနေ ၄ နာရီလောက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ မမ၊ Fixed Wings ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း ရေစကြိုမြို့ပေါ်ကကထွက်လာတဲ့ သံပြာကာကားတွေကို ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ရေစကြိုမြို့အထွက်မှာ ၅ လုံးတွဲမိုင်း ၂ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #မီးရှို့ #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10