ရေစကြိုမှာ ပျူစောထီးတွေစီးလာတဲ့ကား တိုက်ခိုက်ခံရပြီး ၆ ဦးသေ၊ သေနတ် ၆ လက်ရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာကနေ ဆင်ချောင်းရွာဘက်ကို ကားနဲ့ထွက်လာတဲ့ ပျူစောထီး ၆ ဦးကို ရေစကြို ပကဖက  ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးလုံးသေဆုံးပြီး သေနတ် ၆ လက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

သြဂုတ်လ ၂၅ ရက် ဒီနေ့မနက် ၆ နာရီလောက်မှာ ဂွေးချိုရွာကနေ ဆင်ချောင်းရွာအကူးမှာ သူတို့စီးလာတဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ခံရလို့ ကားပေါ်ပါလာသူ အမျိုးသား ၆ ဦးလုံးသေဆုံးကာ သူတို့ရဲ့ သေနတ် ၆ လက်ကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ ရေစကြို - ပကဖ တာဝန်ခံက ပြောပါတယ်။

"ဆင်ချောင်းရွာက ပျူစောထီးတွေက ခိုးကြောင်ခိုးဝှက်နဲ့ ပြောင်ပြောင်တင်းတင်းလည်း မကူးရဲဘူး။ ကားနဲ့ကူးလာတာမှာ တိုက်ခိုက်တာ။ ကားပေါ်မှာပါလာတဲ့ ပျူ ၆ ကောင်သေတယ်။ သေနတ်ကတော့ ၆ လက်သိမ်းရခဲ့တယ်။ ၁ လက်ကတော့ သေနတ်ကျည်မှန်ပြီးပျက်သွားတယ်။ ၅ လက်ကတော့ အကောင်းအတိုင်းရတယ်" လို့ ရေစကြို -ပကဖ တာဝန်ခံရဲဘော်ဝေကြီးက ပြောပါတယ်။

သေဆုံးသွားတဲ့ပျူစောထီး အဖွဲ့ဝင်တွေဆီက ကာဘိုင်သေနတ် ၆ လက်အပြင် ကျည်ဘောက် ၈ ခုနဲ့ ကျည် ၁၀၆ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်နဲ့ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ရုပ်သံသတင်း #ရေစကြိုသတင်း #ပျူစောထီး #မကွေး #ဂွေးချိုရွာ #ဆင်းချောင်းရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10