ရေစကြိုမှာ သံဃာတပါး အသတ်ခံရ

ရေစကြိုမှာ သံဃာတပါး အသတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာက သံဃာတပါး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၇ ရက် ည ၁၀ နာရီလောက်မှာ လက်နက်ကိုင်လူတစုက ကိုင်းမကြီးရွာ၊ ရွာဦး ဘုန်းကြီးကျောင်းကို ရောက်လာပြီး သက်တော် ၇၃ နှစ်ရှိ ကျောင်းထိုင်ဆရာတော် ဦးကုမာရကို ဖမ်းဆီးသတ်ခဲ့တာလို့ ဆိုပါတယ်။

"ဆရာတော်ကို ဖမ်းသွားတာ။ ရွာခံတွေက လိုက်ရှာတော့ ဒီမနက်ပိုင်းမှာမှ အလောင်းကို ဆည်အနီးနားမှာ သတ်ဖြတ်ခံထားရတဲ့အနေထားနဲ့ တွေ့ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဆရာတော်ရဲ့အလောင်းကို ရွာအနီးရှိ ဆည်တခုဘေး စက်တင်ဘာ ၁၈ ရက် ဒီမနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး လည်ပင်းနဲ့ ရင်ဘတ်တွေမှာလည်း ပြတ်ရှဒဏ်ရာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

ဆရာတော်ဟာ ဘယ်အဖွဲအစည်းနဲ့မှ ပတ်သက်သူမဟုတ်ဘဲ ကျေးရွာမှာ ပုံမှန်နေထိုင်သူဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့်သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုင်းမကြီးကျေးရွာဟာ ကြံခိုင်ရေးပါတီ ထောက်ခံသူရော NLD ပါတီ ထောက်ခံသူတွေပါ နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။ 

ဩဂုတ် ၂၆ ရက်ကတော့ စစ်ကောင်စီအင်အား ၈၀ ကျော်လောက်ဟာ ကိုင်းမကြီးကျေးရွာကို ဝင်ရောက်လာပြီး နေအိမ် ၈၀ ကျော်ကိုမီးရှို့ခဲ့ကာ မသန်စွမ်းတဦးဖြစ်သူ ဦးလှရှင်ကို သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #သံဃာ #သတ်ဖြတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10