ရေစကြိုမှာ အာဇာနည်နေ့ကျင်းပစဉ် လူထုကတောင်းဆိုလို့ အာဏာရှင်ဆန္ဒပြပွဲပါ ကျင်းပပေးခဲ့ရ

ရေစကြိုမှာ အာဇာနည်နေ့ကျင်းပစဉ် လူထုကတောင်းဆိုလို့ အာဏာရှင်ဆန္ဒပြပွဲပါ ကျင်းပပေးခဲ့ရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် တနေရာမှာ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကျင်းပခဲ့ရာ ဒေသခံပြည်သူ ရာချီတက်ရောက်ခဲ့တယ်လို့ Urban Underground Revolutionအဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၁၉ ရက် မနက် ၇ နာရီလောက်စတင်ပြီး ရေစကြိုမြို့နယ်က ကျေးရွာတခုမှာ ဒေသခံပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ  ကျေးရွာအတွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေး ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။

"အစကတော့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားပဲ လုပ်မလို့။ ပြည်သူတွေက ဆန္ဒပြပွဲပါ လုပ်ပေးပါလို့ တောင်းဆိုလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပါ ထည့်လုပ်ဖြစ်တာ။ ဒါကို ကြည့်ခြင်းအားဖြင့် စကစကို ပြည်သူတွေက ဘယ်လောက်ထိမုန်းနေလဲဆိုတာ သိသာပါတယ်" လို့ Urban Underground Revolution တာဝန်ခံ ကိုရာဟုကပြောပါတယ်။

စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးရေးနဲ့ တော်လှန်ရေးအောင်မြင်ဖို့၊ အာဇာနည်နေ့နဲ့ပတ်သက်ပြီး ပြည်သူတွေ မမေ့ကြဖို့၊ တော်လှန်ရေးမှာ ပြည်သူတွေ သွေးမအေးဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့   အာဇာနည်နေ့နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေးဖြစ်စဥ်တွေကို ဟောပြောတာ၊ သံဃာတော်တွေကို ဆွမ်းကပ်တာ၊ အခမ်းအနားတက်ရောက်လာတဲ့ ပြည်သူတွေကို မုန်ဟင်းခါး အာဟာရဒါနပြုတာတွေ  ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်းဒေသကြီး #ရေစကြိုမြို့နယ် #အာဇာနည်နေ့ #ဆန္ဒပြ #ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10