ရေစကြို ရုံးပေါင်းစုံထဲ အစည်းအဝေးလုပ်နေချိန် ၄၀ မမနဲ့ ၂ ချက် ပစ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စည်ပင်သာယာရပ်ကွက်၊ ရုံးပေါင်းစုံမှာ စစ်သားနဲ့ပျူစောထီးတွေ အစည်းအဝေးလုပ်နေချိန် ၄၀ မမ လက်နက်နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်သား ၂ ဦး ဒဏ်ရာရပြီး အစည်းအဝေးပျက်သွားတယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၁ ရက် မနေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်သားနဲ့ပျူ‌ ၁၅၀ ဦးခန့် အစည်းအဝေး လုပ်နေတဲ့နေရာကို Myingyan Black Tiger(MBT) အဖွဲ့က ၄၀ မမ နဲ့ ၂ ချက် ပစ်ခတ်ခဲ့တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

"ရုံးပေါင်းစုံထဲမှာ **တွေ အစည်းအဝေးထိုင်နေတယ်လို့ သတင်းပေးတာကြောင့် ကျနော်တို့ သွားပစ်ခဲ့တာ။ ပစ်လိုက်တာကတော့ သူတို့အစည်းအဝေးထိုင်တဲ့နေရာကို ပစ်လိုက်တာ။ ဒါပေမဲ့ လွဲချော်မှုဖြစ်ပြီး အစည်းအဝေးထိုင်တဲ့နေရာကိုမကျဘဲ သူတို့ စုပေါင်းရုံး(ခ) စီမံရုံးရဲ့ဘေးနားကိုကျပြီး ခွေး ၂ ယောက်ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိတယ်လို့ ဖရဲသီးဆီက အတိအကျသိရပါတယ်။ " လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်း ရေစကြို စုပေါင်းရုံးထဲကနေ စက်ကလေးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပေမယ့် ရဲဘော်တွေ အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

ရုံးပေါင်းစုံထဲမှာ အစည်းအဝေးလုပ်နေတာက ရေစကြိုမြို့ပေါ်က ပျူစောထီးတွေ၊ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေ၊ ရဲတွေနဲ့ ရေစကြိုအနောက်က ခမရ ၂၅၈ က စစ်သားတွေဖြစ်ပြီး ပစ်ခတ်ပြီးနောက်ပိုင်း မီးတွေ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ရုံးပေါင်စုံ #တပ်မ၁၀၁ #ခမရ၂၅၈ #ပစ်ခတ်ခံရ #စစ်သား #ရဲ #ပျူစောထီး #MBT

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10