ရေတင်စက်ပိတ်ဖို့သွားတဲ့ကိုရင် ဓာတ်လိုက်ပြီးပျံလွန်

ရေတင်စက်ပိတ်ဖို့သွားတဲ့ကိုရင် ဓာတ်လိုက်ပြီးပျံလွန်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ မဟာကလျာဏီသိမ်ကျောင်းမှာ ရေတင်စက်သွားပိတ်တဲ့ ကိုရင်တပါး ဓာတ်လိုက်ပြီးပျံလွန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂ ရက် မနက် ၁၁ နာရီကျော်မှာ ကျောင်းတိုက်နေ ကိုရင် အရှင်ဣန္ဒြိယ သက်တော် ၁၂ နှစ်ဟာ ကျောင်းဝန်းအတွင်းရှိ ရေတင်စက်ကိုသွားပိတ်ရာမှာ ဓာတ်လိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရေတင်စက် ကြိုးကပေါက်နေပြီး သွပ်ပြားနဲ့ထိနေတာ။ မိုးကလည်း ရွာထားချိန်ဆိုတော့ ရေတွေကလည်းရှိနေတာ။ ကိုရင်ကလည်း ကြိုးပေါက်နေတာကိုမသိဘဲ သွပ်ပြားပေါ် သွားရပ်မိတာကနေ ဓာတ်လိုက်သွားတာ" လို့ ဒေသခံတဦးကပြောပါတယ်။

ဓာတ်လိုက်ခံရလို့ ကိုရင် အရှင်ဣန္ဒြိယမှာ နေရာမှာတင်ပျံလွန်ခဲ့ကာ အလောင်းကိုတော့ ပဲခူးဆေးရုံကို ပို့ဆောင်စစ်ဆေးပြီးနောက် လက်ရှိမှာ ကျောင်းတိုက်ကိုပြန်လည်သယ်ဆောင်လာကာ ဈာပနပြုလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဓါတ်လိုက် #ပျံလွန် #ကိုရင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10