သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းကျေးရွာနဲ့ ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေး တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး အရာရှိတွေရဲ့ အလောင်းတွေကိုသာ ပြန်ကောက်သွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်က ကျေးရွာတွေဘက်ကို မီးရှို့ဓါးပြတိုက်ပြန်လာတဲ့ စစ်သားအင်အား ၁၀၀ ကျော်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိတွေ အပါအဝင် ထိခိုက်သေဆုံးများပြားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
"ဖြစ်ခဲ့တာကတော့ ပွဲကြီးပါပဲ။ တိုက်ပွဲက ၄ နာရီကျော်လောက်ဖြစ်ခဲ့တယ်။ သူတို့ ရွာတွေကို မီးရှို့ သိမ်းဆည်းပြီးပြန်လာတာကို ကြားဖြတ်တိုက်ခိုက်တာ။ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စကစ အရာရှိတွေကိုတော့ သူတို့ဘက်က ပြန်ကောက်သွားတယ်လို့ သိရတယ်။ အခြားအဆင့် အလောင်းတွေဘဲ ကျန်ခဲ့တယ်။ "လို့ ပြောပါတယ်။
တိုက်ပွဲအပြီး မြေပြင်မှာ တွေ့ရတဲ့ တပ်သားအလောင်း ၇လောင်းသာတွေ့ရပြီး ကျန်တပ်သားတွေက ဆေးရုံရောက်မှ သေဆုံးတာတွေဖြစ်တယ်လို့ ဖရဲသီးသတင်းပေးနဲ့ မြေပြင်အချက်အလက်တွေအရ ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေဆီက MA3 သေနတ် ၄လက်၊ MA11 ၂လက်၊ MA2 ၁လက်၊ ကျည်ဘောက် ၁၈ခု၊ ကျည် ၅၂၀တောင့် ၆၀မမ ဗုံးသီး၂လုံး အပြင် ရိက္ခာနဲ့ဆက်စပ်ပစ္စည်းတွေကို PDF ဘက်က သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင် ပြည်သူပိုင်နေအိမ်တွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဓားပြတိုက်ခိုးယူလာတဲ့ လက်ကောက် ၂ကွင်း၊ ဆွဲကြိုး ၁ကုံး၊ လက်စွပ် ၁ကွင်း၊ ဖုန်း ၃လုံးတို့ကိုပါ ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး လက်ဝတ်ရတနာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မူလပိုင်ရှင်ထံပြန်ပေးဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။
အဲဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ပြည်သူ ၂ဦး သေဆုံးခဲ့ရပြီး ၂ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share