ရေတာရှည်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးပစ်ခတ် နှစ်ဖက်ထိခိုက်သေဆုံးရှိ

ရေတာရှည်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးပစ်ခတ် နှစ်ဖက်ထိခိုက်သေဆုံးရှိ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်၊ စစ်တောင်းမြစ်ဘေး၊ ခင်လေးတန်ရွာအနီး၊ ကုန်းကြီးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဥ်သုံးပစ်ခတ်နေလို့ နှစ်ဖက်ထိခိုက်သေဆုံးရှိတယ်လို့ ဒေသ PDF အဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၆ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ အင်အား ၁၀၀ နီးပါးနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေဘက်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"စကစ စစ်ကြောင်းက ဝင်လာတာကို သတ်ကွင်းနေရာထိ အရောက်စောင့်ပြီးမှ အပိုင်ပစ်ခတ်ခဲ့ရတယ်။ သူတို့ဘက်က အထိနာသွားတော့ လေယာဥ်ခေါ်ပြီး ပစ်ခတ်နေတယ်" လို့ ဒေသ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် ရဟတ်ယာဥ် ၂ စီးနဲ့လှည့်ပတ်ပစ်ခတ်နေပြီး နေ့လည် ၂ နာရီကျော်ခန့်ထိ တိုက်ပွဲဖြစ်ပွားနေဆဲလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရာထူးကြီးပိုင်းအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးသူတွေရှိနေပြီး ပူးပေါင်းတပ်ဘက်လည်း သေဆုံးသူအချို့ရှိနေပါတယ်။

လတ်တလောမှာ မြေပြင်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်လို့ ထိခိုက်သေဆုံးအ​ခြေနေကို အသေးစိတ် မသိရသေးပါဘူး။

တိုက်ပွဲကြောင့် ဒေသခံအချို့ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း ရေတာရှည်မြို့နယ်၊  စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရွှေသောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တ​ပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တာရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေ၊ ၁၀ ဦးဒဏ်ရာရခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #PDF #KNLA  #ပဲခူးတိုင်း #ရေတာရှည် #ဆွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10