ရေတာရှည်မြို့နယ်က ပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားမလဲ

ရေတာရှည်မြို့နယ်လေးဟာ ပဲခူးတိုင်း၊ တောင်ငူခရိုင်ထဲက ရန်ကုန်- မန္တလေး မီးရထားလမ်းနဲ့ အဝေးပြေးလမ်းဟောင်း ပေါ်မှာ တည်ရှိတဲ့ မြို့လေးဖြစ်ပြီး၊ စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ မြို့တည်ထားတာဖြစ်ပါတယ်။

ရေတာရှည်မြို့နယ်မှာ ရပ်ကွက် ၁၇ ခုနဲ့ ကျေးရွာအုပ်စု ၄၈ အတွင်း လူဦးရေ ၂ သိန်း ၁ သောင်း ၅ ထောင်ကျော်နေထိုင်ပြီး ဗမာတိုင်းရင်းသား အများစုနေထိုင်ပြီး၊ ဒုတိယအများဆုံးအဖြစ် ကရင်တိုင်းရင်းသားများနေထိုင်ကာ၊ ရှမ်းတိုင်းရင်းသားတွေ တတိအများဆုံးနေထိုင်ကြပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10