သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဇေယျသိမ်အုပ်စု၊ ဇေယျသိမ်နဲ့ ကျွန်းတိုင်းရွာအကြားလမ်းပေါ် မှာ ကြံခိုင်ရေးပါတီဝင်အမျိုးသမီး ၁ ဦး သေဆုံးနေတဲ့ရုပ်အလောင်းကို တွေ့ ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ ဇေယျာသိမ်ကျေးရွာနေ အသက် ၅၈ နှစ်အရွယ်ရှိ ဒေါ်ဌေးရီ ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် မနေ့မနက် ၇ နာရီခန့်မှာ လည်ပင်းထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိရတာလို့ ဆိုပါတယ်။
" သူ့အလောင်းမတွေ့ခင် တရက်က လာဖမ်းသွားကြတာ။ သူက တယောက်တည်းနေတာ များတယ်။ ကြံ့ ခိုင်ရေးပါတီဝင်လည်းဖြစ်တော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့လည်း နီးစပ်မှုရှိတယ်" လို့ ရေတာရှည်နယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒေါ်ဌေးရီဟာ ဇန်နဝါရီ ၁၅ ရက် မနက် ၅ နာရီခန့်မှာ သူနေအိမ်ထိုင်ရာအိမ်ကနေ လက်နက်ကိုင်ဆောင်ထားသူလူတစုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီးနောက် သေဆုံးလျက်ပြန်တွေ့ရတာလို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၎င်းတို့ လုပ်ဆောင်ခြင်းမရှိကြောင်း ပြောပါတယ်။
ရေတာရှည်မြို့နယ်အတွင်းမှာ ဇန်နဝါရီလဒုတိယအပတ်ကစတင်ကာ စစ်တပ်လက်အောက် ပြည်သူ့စစ်ဖွဲ့စည်းဖို့ဆိုကာ အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖိအားပေးလူတောင်းခံတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #ကြံ့ခိုင်ရေးပါတီ #အမျိုးသမီး #အသတ်ခံရ #ထိုးသွင်းဒဏ်ရာ #သတင်း #မြေလတ်သတင်း
Share Share Share