ရေတာရှည်မှာ စစ်ကောင်စီကင်းပုန်းကို PDF တွေ သွားရောက်တိုက်ခိုက်

ရေတာရှည်မှာ စစ်ကောင်စီကင်းပုန်းကို PDF တွေ သွားရောက်တိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အေးသာယာကျေးရွာအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ အင်အား ၃၀ ကျော်နဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ကို PDF အဖွဲ့တွေက ၁၅ မိနစ်ကြာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"တိုက်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ စကစ အဖွဲ့ရောက်နေတယ်ဆိုလို ဒီဘက်က အဖွဲ့တွေ သွားပစ်ကြတာ။ နှစ်ဖက်အထိအခိုက်ရှိတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး PDF တွေဘက်က ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို သေနတ်တလက် ဆုံးရှုံးခဲ့ရတယ်လို့ ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာမှာပဲ ဆက်လက်တပ်စွဲနေတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၂၄ ရက် မနက် ၁၁ နာရီကျော်ခန့်ကလည်း ရေတာရှည်မြို့နယ်၊ ရှမ်းရွာလေးကျေးရွာမှ မိချောင်းအိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဖြန့်တက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်း နဂျပ်ချောင်းဘေး သပြေခင်းအရောက် ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရေတာရှည် #စစ်ကောင်စီ #ကင်းပုန်း #PDF #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10