ရေတာရှည်မှာ စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူး ပစ်သတ်ခံရလို့ သေဆုံး

ရေတာရှည်မှာ စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူး ပစ်သတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အင်းယားကျေးရွာမှာ စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူးတဦးကို ဒေသကာကွယ်ရအဖွဲ့တွေက ပစ်သတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၆ ရက် ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး ခေါင်းဖြူ တင်ဝင်း အသက် ၅၀ နှစ်ကျော်ကို နေအိမ်မှာ ဝင်ရောက်ရှင်းလင်းချိန် ထွက်ပြေးလို့ လိုက်လံပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

"သူ့ကို ဒေသကာကွယ်ရေးအဖွဲ့တခုက နေအိမ်မှာ ဝင်ရှင်းတာ။ ထွက်ပြေးလို့ လိုက်ပစ်ခဲ့ရသေးတယ်လို့ သိရတယ်။ ပစ်ခံရလို့ နေရာမှာ သေဆုံးသွားတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဦးတင်ဝင်းဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရာအိမ်မှူးတဦးဖြစ်ပြီး စစ်ကောင်စီထံ သတင်းပေးလုပ်နေသလို ကျေးရွာအတွင်းမှာလည်း လူတွင်ကျယ်လုပ်လေ့ရှိတာကြောင့် ရှင်းခံရတာလို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးတင်ဝင်းဟာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။

ဇွန် ၁၂ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်ထွက်ဦးဝင်းတင် အသက် ၆၅ နှစ်ဆိုသူဟာ နေအိမ်ရှေ့မှာ ထိုင်နေချိန် ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ရေတာရှည်မြို့နယ် #အင်းယားကျေးရွာ #စစ်ကောင်စီ #သတင်းပေး #ရာအိမ်မှူး #သတင်း #ပစ်သတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10