ရေတာရှည်မှာ PDF တွေ အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်

ရေတာရှည်မှာ PDF တွေ အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲမှာ PDF အမျိုးသား ၃ ဦး စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုကာ စစ် ကောင်စီထိန်းချုပ်မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စစ်ကောင်စီဘက်က ထုတ်ပြန်မှုဟာ ဝါဒဖြန့်ဖော်ပြတာလို့ ရေတာရှည်ပကဖအဖွဲ့က ပြောပါတယ်။

ဇွန်လ ၂၆ ရက်က အလင်းဝင်လာတဲ့ PDF ၃ ဦးကို မြို့နယ်စစ်ကောင်စီတပ်အရာရှိတွေက ဆုငွေတွေ ချီးမြှင့်ပေးအပ်ပြီး မိဘတွေထံပြန်လည်အပ်နှံပေးပွဲကို ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြလာတဲ့အပေါ် အခုလိုပြောပါတယ်။

"ခုက စကစ ဘက်က လုပ်ဇာတ်လုပ်တာပါပဲ။ PDF တွေကို စည်းရုံးနိုင်တယ် သူတို့လုပ်နိုင်တယ်ဆိုတာ ကို ပြချင်တာပေါ့။ နောက်တခုက PDF တွေဘက်က စိတ်ဓာတ်ကျနေပြီး သူတို့ဆီအလင်းဝင်ရတဲ့အထိ ဖြစ်နေပြီးဆိုပြီး ပြည်သူကို ဆိုက်ဝါးထည့်ချင်နေတာ"လို့ ရေတာရှည် ပကဖ တာဝန်ရှိသူ မြေလတ်အသံ ကို ပြောပါတယ်။

ရေတာရှည်မြို့နယ်ထဲမှာ PDF လုပ်နေသူတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ၊ အသက်သေဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ့်သူတွေသာဖြစ်ပြီး စစ်ကောင်စီထံ အညံ့ခံမယ့်သူတွေ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

ဒါ့အပြင်  စစ်ကောင်စီထံ အလင်းဝင်လာတယ်လို့ဆိုတဲ့ အမျိုးသား ၃ ဦးဟာ ရေတာရှည်မြို့နယ်အတွင်း က PDF တွေမဟုတ်သလို ဘယ်သူ၊ဘယ်ဝါဆိုတာ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ရေတာရှည်မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ PDF စွန့်ခွာမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ လခွဲ ခန့်က ရေတာရှည်၊ တောင်ကြား အမြောက်တပ်ကနေ တပ်ကြပ်အဆင့်နဲ့ CDM လုပ်ကာ  PDF ထဲဝင်လာပြီး ပြန်လည်ထွက်ပြေးသွားတဲ့ ရဲဘော် မြမြ ဆိုသူတဦးသာ ရှိသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း မုံရွာမြို့မှာ PDF တွေ လက်နက်နဲ့အတူ အလင်းဝင်လာပြီး အလင်းဝင် PDF တွေကို နမခ စစ်တပ်ခန်းမမှာ တွေ့ဆုံကာ လက်နက်တွေပါလာတဲ့အပေါ်လည်း ဆုငွေတွေ ပေး အပ်ခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေတာရှည်  #အလင်းဝင် #စစ်ကောင်စီ #ဝါဒဖြန့်မှု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10