ရေတွင်းထဲပြုတ်ကျတဲ့ ဖခင်ကို ဆင်းကယ်ရာက သားအဖ ၂ ဦးလုံး သေဆုံး

ရေတွင်းထဲပြုတ်ကျတဲ့ ဖခင်ကို ဆင်းကယ်ရာက သားအဖ ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်မှာ ရေတွင်းထဲကို ပြုတ်ကျတဲ့ ဖခင်ဖြစ်သူကို ဆင်းကယ်ရာက သားအဖနှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ သိရတယ်။

ဇွန်လ ၅ ရက်ဒီမနက် ၉ နာရီလောက်က ဦးဘိုသန်း ၅၅ နှစ်မှာ နေအိမ်ခြံဝင်းထဲက အကျယ် ၃ ပေ၊ အနက် ပေ ၃၀ ခန့်ရှိ ရေတွင်းထဲကို ကျသွားတာကြောင့် သားဖြစ်သူ မောင်ပြည့်စုံ ၁၈ နှစ်က ဆင်းဆယ်ရာကနေ ၂ ဦးစလုံး သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"အဖေဖြစ်သူက ရေတွင်းနံရံကို ဘိလပ်မြေကပ်နေရာကနေ အလယ်လောက် ရောက်တော့ အောက်ဆီဂျင်ပြတ်လို့ ကျသွားတာကို သားက ဆင်းဆယ်ရင်း ၂ ယောက်စလုံး အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတာ။ ဆေးရုံရောက်မှ ဆုံးသွားတယ်"လို့ ပြောပါတယ်။

အဲ့ဒီ သားအဖနှစ်ဦးကို စစ်ကောင်စီ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ဆယ်ယူပြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး နှစ်ဦးစလုံးဟာ ဆေးရုံးရောက်မှ သေဆုံးခဲ့ကြတာလို့ သိရပါတယ်။ 

ရေတွင်းဟောင်း၊ ရေတွင်းပျက်၊ မိလ္လာကျင်းတွေနဲ့ ရေဆိုးကျင်းတွေဟာ အောက်ဆီဂျင်ရရှိနိုင်မှု နည်းပါးတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အောက်ဆီဂျင် အကူကိရိယာမပါဘဲ ဆင်းတာမျိုး၊ ဝင်ရောက်တာမျိုးတွေ မပြုလုပ်သင့်ဘူးလို့လည်း အထက်ပါဒေသခံက ပြောပါတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ရေတွင်းထဲပြုတ်ကျ #သားအဖနှစ်ဦး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10