ရေနစ်ပျောက်ဆုံးနေတဲ့ ကိုရင် ၃ ရက်အကြာမှာသေဆုံးလျက်ပြန်တွေ့

ရေနစ်ပျောက်ဆုံးနေတဲ့ ကိုရင် ၃ ရက်အကြာမှာသေဆုံးလျက်ပြန်တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၀ ရပ်ကွက်အနီး ဧရာဝတီမြစ်ကမ်းမှာ ရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးသွားတဲ့ ကိုရင် ကို ၃ ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မနက် ၉ နာရီကျော်မှာ ရေနစ်ခဲ့တဲ့နေရာနဲ့ ၃ မိုင်ခန့်အကွာ ကုက္ကိုလှကျေးရွာအနီး မြစ်ကမ်းနံဘေးမှာ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"တမြန်မနေ့ကတည်းက နစ်တာဆိုတော့ပြန်တွေချိန်မှာတော့ သေနေပြီ။ ကယ်ဆယ်ရေးသမားတွေက လိုက်ရှာရင်းတွေ့တာ။"လို့ ဒေသခံတဦးက ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကိုရင်က သက်တော် ၁၇ နှစ်ခန့်ရှိပြီး ပခုက္ကူမြို့၊ မဟာဝိသုတာရာမ အလယ်တိုက်ကြီးက ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီခန့်မှာ အဆိုပါကိုရင်နဲ့အတူ တကျောင်းတည်းနေ ကိုရင် ၃ ပါးပါ ရေဆင်းကူးနေရာက ၃ ပါးစလုံးရေနစ်ခဲ့ကာ ကျန်ကိုရင်တွေကိုတော့ လှေသမားတွေက တွေ့ရှိပြီး ကယ်ဆယ်နိုင်ခဲ့ပေမယ့် သေဆုံးသူကိုရင်တပါးတည်းသာ ပျောက်ဆုံးနေခဲ့တာလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

ရေနစ်ပျောက်ဆုံးသွားတဲ့ ညနေပိုင်းကနေကတည်းက မီးသတ်၊ ပရဟိတအဖွဲ့တွေနဲ့ ကျောင်းတိုက်နေ သံဃာတော်တွေ နေ့စဥ်ရှာဖွေနေခဲ့ကြတာလို့ ဆိုပါတယ်။

ကိုရင် ရဲ့ အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေကသယ်ယူပြီး လက်ရှိမှာ ကျောင်းတိုက်ကို ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

ဩဂုတ် ၃၀ ရက်ကလည်း မကွေးမြို့၊ မြို့ဟောင်းအမှတ် (၁) ရပ်ကွက်၊ သီရိဇေယျာလမ်းနေ အမျိုးသား ၁ ဦး ဧရာဝတီမြစ်ထဲရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ပါသေးတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရေနစ်သေဆုံး #ကိုရင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10