ရေနစ်သေဆုံးတဲ့ စစ်ကြောင်းကို ကွပ်ကဲပြီး ပြန်လာတဲ့ အရာရှိ ၃ ဦးပါတဲ့ ကားမိုင်းဆွဲခံရ (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးနယ်အစပ်မှာ အရာရှိ ၃ ဦးပါတဲ့ ကား ၃စီးပါယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်က မန္တလေးတိုင်း မြွေပုံကန် ကျေးရွာအနီးမှာ ရေနစ်သေဆုံးတဲ့ စစ်ကြောင်းကို စီမံကွပ်ကဲဖို့ လာတဲ့ အရာရှိ ၃ ဦးပါ စစ်ကား ၃ စီးကို အပြန်လမ်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးနယ်အစပ် နတ်ကြီးစဥ်အရှေ့ဘက် ရွှေသိမ်တော် လမ်းအဆင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တီက ပြောပါတယ်။


"အရာရှိ ၃ ယောက်ပြန်လာတာ။ လာတာမှာတော့ အင်အားအများကြီးမပါဘူး။ မိုင်းအကြီး ၁ လုံးပဲ ဆွဲနိုင်ခဲ့တယ်။ ကျနော်တို့အဖွဲ့တွေလည်း ကံကောင်းလို့ပါ။ အဲဒီအရာရှိတွေပြန်လာတဲ့ကားတွေကို ကင်းပုန်းဝတ်နေတဲ့ အဖွဲ့ကပစ်လို့မလို့ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။" လို့ ဆိုပါတယ်။

မြွေပုံကန်ရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၆ ရက် ညမှာ အင်အား ၁၀ ဦးဝန်းကျင်ပါတဲ့ စစ်ကြောင်းက မြောင်မြစ်ကို လှေနဲ့ အကူးမှာ မှောက်ပြီး ၃ ဦး အလောင်းပြန်တွေ့ထားတာ ဖြစ်ပါတယ်။

"ရေနစ်တော့ ခဲယမ်းလက်နက်တွေလည်း အများကြီးဆုံးရှုံးတယ်။ လက်နက် ၁၀ လက်လောက် အထိ ဆုံးရှုံးတာ။ ကျနော်တို့အဖွဲ့ကလည်း လက်နက်တွေလည်း ရခဲ့တာတွေရှိတယ်။ ရေနစ်သေတဲ့အထဲမှာ ဗျူဟာမှူးတယောက်လည်း ပါသွားတယ်" လို့ ဗိုလ်တီက ပြောပါတယ်။

ဗျူဟာမှူးလည်း ရေနစ်တဲ့ အထဲပါသွားတဲ့အတွက် ခေါင်းဆောင်မရှိတော့လို့ လာပြီးစီမံကွပ်ကဲတဲ့ အရာရှိ ၃ ဦးရဲ့ ယာဥ်တန်း မိုင်းဆွဲခံလိုက်ရတာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10