ရေနံချောင်းက အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

ရေနံချောင်းက အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွာသစ်လေးရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ဇန်နဝါရီ ၂၆ ရက် မနက် ၉ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အသတ်ခံရသူမှာ အသက် ၅၃ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးမောင်ချိုဖြစ်ပြီး သူရဲ့နေအိမ်အနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တခုက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။ 

“ကျနော်သိရတာကတော့ သူ့အိမ်ကနေထွက်အလာ အိမ်ရှေ့မလှမ်းမကမ်းမှာ သေနတ်နဲ့ ပစ်သတ်သွားတာ”လို့ PDF အဖွဲ့တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုက လုပ်ဆောင်သွားတယ်လို့သာသိရပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရသေးပါဘူး။ 

ဦးမောင်ချိုဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေပြီး ဒေသခံအချို့ကိုလည်း PDF နဲ့ဆက်သွယ်ကာ ထောက်ပို့လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီကိုတိုင်ကာ ဖမ်းဆီးခိုင်းတာတွေလည်း လုပ်တယ်လို့သိရကြောင်း အထက်ပါဒေသခံက ပြောပါတယ်။ 

လက်ရှိမှာ အုပ်ချုပ်ရေးမှူးအလောင်းကိုသင်္ဂြိုဟ်ဖို့ သူ့အိမ်ရှေ့မှာပြင်ဆင်နေပြီး စစ်ကောင်စီအဖွဲ့ဝင်တွေလည်း လာရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၂၈ ရက်ကလည်း PDF တွေကိုဖမ်းမယ်လို့ စိန်ခေါ်နေတဲ့ ရေနံချောင်းမြို့နယ်၊ မန်ကျည်းရိုးရွာက စစ်တပ်သတင်းပေး အမျိုးသားတဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုက ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #ရွာသစ်လေး #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10