ရေနံချောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မီးလောင်မှုဖြစ်လို့ အဆောင် ၂ ခုပြာကျ

ရေနံချောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မီးလောင်မှုဖြစ်လို့ အဆောင် ၂ ခုပြာကျ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မကြီးတိုင်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးနေအိမ် သြဂုတ် ၂၄ ရက်နေ့လယ် ၂ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အဆောင် ၂ ဆောင်ပြာကျပျက်စီးသွားတယ်လို့ အိမ်ပိုင်ရှင်က ပြောပါတယ်။

မီးလောင်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နေအိမ်ခြံဝန်းမှာရှိတဲ့ စားဖိုဆောင်နဲ့ ဧည့်ကြို အဆောင်တို့ပျက်စီးခဲ့ပြီး နေအိမ်ထဲ လူတဦးမှမရှိချိန် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ တအိမ်သားလုံးက ပဌာန်းပွဲပြီးလို့ ပဌာန်းအောင်ပွဲဆိုပြီးတော့ တရားနာတဲ့အိမ်ရောက်နေတာ။ အဲ့အချိန်မှာ မီးလောင်မှုဖြစ်တာ။ ဝါယာရှော့ကြောင့်လား၊ မီးကြွင်း၊ မီးကျန်ကြောင့်လားတော့ မသိဘူး။ လူတွေနေထိုင်တဲ့ အိမ်ကိုတော့ မီးမကူးခဲ့ဘူး" လို့ နေအိမ်ပိုင်ရှင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က ပြောပါတယ်။

မီးလောင်မှုကြောင့် အဆောင် ၂ ဆောင်မှာထားရှိထားတဲ့ မိတ္တူစက်၊ ကွန်ပျူတာ၊ စာရွက်စာတန်း၊ မှန်ဗီရို၊ စားပွဲခုံ၊ နှမ်း ၇ တင်း၊ ဆန် ၁ အိတ်၊ သေတ္တာ ၃ လုံး၊ ကုတင် ၂ လုံးနဲ့ အိုးခွက်၊ ပန်းကန်တွေ အကုန်လုံး မီးထဲပါသွားခဲ့တာလို့ သူက ပြောပါတယ်။

မီးလောင်နေချိန် ကျေးရွာသူ/သားတွေက ဝိုင်းဝန်မီးငြိမ်းခဲ့ကြတာကြောင့် လူတွေနေတဲ့နေအိမ်ကို မီးမကူးစက်ခဲ့တာဖြစ်ပြီး အကုန်လုံး မီးငြိမ်းပြီးမှဘဲ မီးသတ်ကားတစီးရောက်ရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေနံချောင်းမြို့နယ် #မကြီးတိုင်ကျေးရွာ #အုပ်ချုပ်ရေးမှူး #မီးလောင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10