ရေနံချောင်းမှာ ဘုန်းကြီးကျောင်းထဲတပ်စွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု PDF ၁ ဦးသေဆုံးခဲ့ပြီး စစ်သားသေဆုံးမှုများဟုဆို

ရေနံချောင်းမှာ ဘုန်းကြီးကျောင်းထဲတပ်စွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု PDF ၁ ဦးသေဆုံးခဲ့ပြီး စစ်သားသေဆုံးမှုများဟုဆို

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဒီဇင်ဘာ ၂၇ ရက် မနက် ၄ နာရီလောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်အမှတ် ၂ တပ်ရင်းက ပြောပါတယ်။

ရေနံချောင်းမြို့အခြေစိုက် ခလရ ၇၇ တပ်ရင်းက စစ်သားနဲ့ရဲအင်အား ၅၀ ခန့် တပ်စွဲထားတဲ့ မကျည်းရိုး (ကုက္ကိုခွ)ကျေးရွာ ဘုန်းကြီး‌ကျောင်းအတွင်းအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီ ကြာမြင့်ခဲ့ကာ မနက်လင်းပိုင်းမှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီရွာက အရင်က ကျနော်တို့နေတဲ့ရွာ။  စစ်ကြောင်းထိုးတော့ အင်အားမမျှလို့ ပြန်ဆုတ်ပေးခဲ့ရပြီး သူတို့တပ်စွဲထားတာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စီးနင်းတိုက်ခိုက်တာမှာ စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများတယ်” လို့ မကွေးခရိုင်အမှတ် ၂ တပ်ရင်းတာဝန်ခံ ဗိုလ်စံသျှားက ပြောပါတယ်။

တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ချောက်ပကဖ ၊ Chauk Guerrilla Force (CGF) ၊ ညောင် ဦးခရိုင်အမှတ်(၄)တပ်ရင်း ၊ သရက်ခရိုင်အမှတ်(၃)တပ်ရင်း(ငါးပြေမပြောက်ကျားတပ်ဖွဲ့) ၊ Chauk Revolution Army - ရေနံမြေအဖွဲ့ ၊ သရက်ခရိုင်အမှတ်(၁)တပ်ရင်း၊ မကွေးခရိုင်အထူး တိုက် ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းအင်အား ၃၀ကျော်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း Chauk Guerrilla Force (CGF)  ရဲဘော် ၁ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကုက္ကိုခွကျေးရွာဒေသခံတွေကို စစ်ရှောင်နိုင်ရေး စီမံဆောင်ရွက်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေလို့ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

ပုံစာ - ဒီဇင်ဘာ ၂၇ ရက် မနက်တိုက်ပွဲပြီးနောက် မကွေးခရိုင်ရဲဘော်များ ပြန်လည်ဆုတ်ခွာလာစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #တိုက်ပွဲ #စစ်အုပ်စု #PDF #နှစ်ဖက်သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10