ရေပြာလမ်းဆုံ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ ရဲတဦး နောက်ကျောကျည်ထိမှန် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာ ရေပြာလမ်းဆုံမှာရှိတဲ့ စစ်ဆေးရေးဂိတ်က ရဲတွေကို Anonymous Special Task Force -Pauk အဖွဲ့က မတ်လ ၁၃ ရက် ညနေပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ မတ်လ ၁၂ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတာ၊ရေပြာအနောက်ဘက် စံဖဲရွာ နဲ့ လယ်ဘဲ့ရွာတို့ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီးထိုးတာ၊ အဲဒီစစ်ကြောင်းက အခုထိ အဲ့ဒီရွာတွေမှာရှိနေပြီး စံဖဲရွာက ပြည်သူလူထုအိမ်တွေကို မွှေနှောက်ဖျက်ဆီးသွားကြတယ်လို့ ရဲဘော်စင်္ကြာက ပြောပါတယ်။


"ညနေ ၄ နာရီ‌လောက်မှာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ ရေပြာရဲစခန်းက ရဲတွေနဲ့ ၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ထိပ်တိုက်ဖြစ်တယ်၊ စစ်ကောင်စီတပ်သားအားလုံးက ရေပြာရဲ့အနောက် ဘက်လမ်းဆုံမှာ မဲနေတဲ့အချိန် လမ်းဆုံဂိတ်မှာ ၄ ယောက်ရှိတာကို မိတာ ၂၀၀ လောက်အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ" လို့ Anonymous Special Task Force -Pauk ရဲဘော်စင်္ကြာက ပြောပါတယ်။

အဲဒီလမ်းဆုံအနားက လက်ဘက်ရည်ဆိုင်တွေမှာ ပြည်သူတွေ ရှိနေတာကြောင့် အချိန် ၅ မိနစ်ဝန်းကျင်သာ ပစ်ခတ်ခဲ့ပြီး ရဲ ၄ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ ရဲတပ်သား အောင်လွင်ဦး နောက်ကျောကို ကျည်ထိမှန်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း ပေါက်မြို့နယ် ကုက္ကိုစုရွာက ပျူစောထီးနဲ့စစ်သားတွေကို Anonymous Special Task Force -Paukအဖွဲ့က ကုက္ကိုစုရွာနဲ့ လယ်ဘဲ့ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10