ရေဘေးလှူပြီးပြန်လာတဲ့ကား တိမ်းမှောက်လို့ သံဃာတော်တွေအပါ ၈ ဦးဒဏ်ရာရ

ရေဘေးလှူပြီးပြန်လာတဲ့ကား တိမ်းမှောက်လို့ သံဃာတော်တွေအပါ ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန် - မန္တလေးအမြန်လမ်းပေါ်မှာ ရေဘေးလှူပြီးပြန်လာတဲ့ကား တိမ်းမှောက်ခဲ့တာကြောင့် သံဃာတော်တွေအပါအဝင် ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီခန့်မှာ သံဃာတော် ၉ ပါးလိုက်ပါလာတဲ့ ကန်တာ(Canter) အဖြူရောင်ကားဟာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုလာချိန် ကားလမ်းမိုင် အမှတ် ၁၄၉/၇ ဖာလုံနဲ့ ၁၄၉/၆ ဖာလုံ ကြားမှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"အရှိန်များပြီး လမ်းလယ်ကျွန်းပေါ် တိမ်းမှောက်သွားတာလို့ သိရတယ်။ ရမည်းသင်းဘက်က ရေဘေးလှူပြီးပြန်လာကြတာ။ သံဃာတွေလိုက်လာတဲ့ကားပါ"လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း ၁ ဦးနဲ့ ယာဥ်ပေါ်လိုက်ပါလာတဲ့ မှော်ဘီမြို့၊ ပန်းတစ်ပွင့်တောင်ဗုဒ္ဓတက္ကသိုလ်မှ သက်တော် ၂၇ နှစ်မှ ၃၈ နှစ်ကြားသံဃာတော် ၇ ပါးတို့ ဦးခေါင်းနဲ့လက်တွေမှာ ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ပရဟိတအသင်းတွေက တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး သက်သာတဲ့အခြေအနေရှိကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကားအရှေ့လေကာမှန်ကွဲကြေပြီး ကားကိုယ်ထည်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၆ ရက်ကလည်း တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ 'ဟိန်းစတား' ခရီးသည်တင်ယာဥ်တိမ်းမှောက်ပြီး ၃ ဦးဒဏ်ရာရှိခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ရေဘေး #ကားတိမ်းမှောက် #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10