ရေရှားပါးပြီး မသန့်ရှင်းတဲ့ရေတွေသောက်သုံးနေရလို့ ရဲဘော်၊ ရဲမေတွေ အရေပြားရောဂါဖြစ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ရေရှားပါးပြီးမသန့်ရှင်းတဲ့ရေတွေ သောက်သုံးနေရလို့  ရဲဘော်၊ ရဲမေတွေ ဝမ်းပျက်၊ ဝမ်းလျှောတာတွေနဲ့ အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ သခင်ဒေါင်းညိုတပ်ဖွဲ့ဆီက သိရပါတယ်။

ရာသီပူပြင်းတာကြောင့် ကန်မှာရေတွေခမ်းပြီး နွံရေတွေကို သောက်သုံးနေရလို့ တပ်ဖွဲ့ဝင်ရဲဘော် ၃ ဦး နဲ့ ရဲမေ ၂ ဦီးမှာ အရေပြားယားယံတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"ဒီဘက်မှာတော့ ရေရှားပြီး မသန့်လို့ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်နေတယ်။ ရေကခမ်းပြီး အောက်ခြေမှာက  နွံတွေပါတယ်။ လက်ရှိသောက်သုံးနေရတာက ကန်ရေပဲ။ ရဲဘော်၊ ရဲမေတွေက အရေပြားတွေပေါ်မှာ အဖုအပိန့်တွေထပြီး အရေပြားရောဂါလက္ခဏာပြနေတယ်။" လို့ သခင်ဒေါင်းညိုတပ်ဖွဲ့ရဲ့ ရဲဘော် စနေမက ပြောပါတယ်။

မသန့်ရှင်းတဲ့ရေတွေကြောင့် သခင်ဒေါင်းညိုတပ်ဖွဲ့ရဲ့ ရဲဘော်ရဲဘော်တွေအပြင် ဒေသခံတွေပါ ဝမ်းပျက်ဝမ်းလျှောတာတွေနဲ့ အရေးပြားရောဂါလက္ခဏာပြနေပြီး ဆေးထိုးပေးနေပေမယ့် ဆေးဝါးတွေက လုံလုံလောက်လောက်မရှိဘူးလို့ သိရပါတယ်။ 

"ထိုးဆေးထိုး သောက်ဆေးတွေ သောက်နေရပါတယ်။ ဒေသခံတွေလည်း ဖြစ်နေကြပါတယ်။ အရင်နှစ်တွေကလည်း ကြုံခဲ့ရတယ်။ ရေကတော့ တော်တော်ရှားပါးနေပြီ။ သောက်ရေလည်း ဒီရေပဲသုံးတာ။" လို့ ရဲဘော် ယက္ခက ပြောပါတယ်။

ရေရှားပါးနေတာကြောင့် နေ့စဉ် ရေကိုချွေတာပြီးသုံးနေရသလို ရေရဖို့ကိုလည်း ၁ မိုင်ကျော်ကျော်လောက် သွားရတယ်လို့ ရဲဘော် ယက္ခက ပြောပါတယ်။ ယခင်နှစ်တွေက အခုလိုရာသီမှာ ကန်ရေတွေခမ်းပေးမယ့် ဒီနှစ်မှာတော့ တွင်းရေ၊ ကန်ရေတွေခမ်းခြောက်ပြီး ရေပြတ်လပ်မှုဒဏ် အဆိုးဝါးဆုံးဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #ရေရှားပါးမှု #သခင်ဒေါင်းညိုတပ်ဖွဲ့ #ရဲဘော် #ရဲမေ #အရေပြားရောဂါ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10