ရေလည်ကျွန်းဒေသတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ရဲဘော်ရဲ့ ဈာပနကျင်းပ

ရေလည်ကျွန်းဒေသတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ရဲဘော်ရဲ့ ဈာပနကျင်းပ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ၊ မင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တဦးသေဆုံးခဲ့ကာ သူ့ရဲ့ရုပ်အလောင်းကို ဧပြီလ ၂ ရက်ဒီကနေ့မှာ သဂြိုလ်ခဲ့တယ်လို့သိရပါတယ်။
 
ဧပြီလ ၁ ရက်မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ အပြန်အလှန် ပစ်ခတ်ရင်း သေဆုံးခဲ့တာဖြစ်ပြီး၊ ဒီကနေ့ မနက် ၉ နာရီလောက်မှာ ကျေးရွာပြည်သူတွေနဲ့အတူ ဈာပနအခမ်းအနားကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
“သူက သထုံဘက်က တိုင်းရင်းသားဗျ၊ အရင်က လက်ဝှေ့ဝါသနာပါလို့ ကြိုးဝိုင်းလေးတွေထဲမှာ ထိုးတယ်၊ အာဏာသိမ်းတော့ သူနိုင်တာကူလုပ်ပေးမယ်ဆိုပြီး ဒီဘက်ထဲရောက်လာတာ၊ သူ့ဝါသနာကိုအမှီပြုပြီး ကျနော်တို့ကတော့ ချစ်စနိုးနဲ့ လက်ဝှေ့လို့ အများစုကခေါ်ကြတယ်၊ ကြယ်လေးလို့လည်းခေါ်တယ်"လို့ မဟာမိတ်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
သေဆုံးသူမှာ ပခုက္ကူခရိုင် တပ်ရင်း ၁၀၊ တပ်ခွဲ-၂ Thwaythauk Revolution Force အဖွဲ့က မြတ်လင်းအောင် (ခ) လက်ဝှေ့ အသက် ၂၂ နှစ်ဖြစ်ပြီး၊ စစ်ကောင်စီဘက်ကလည်း ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မင်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတာ တနှစ်ကျော်ရှိနေပြီဖြစ်ပြီး မကြာခဏဆိုသလို ကာကွယ်ရေးအဖွဲ့ပေါင်းစုံက သွားရောက်တိုက်ခိုက်နေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10