ရေလယ်ကျွန်းရွာတိုက်ပွဲမှာ ၁၇ နှစ်အရွယ် PDF တဦးကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ ၂ ရက်ဆက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း Myingyan Black Tiger က ရဲဘော်ဇွဲ ကျဆုံးခဲ့ပါတယ်။
 
ရဲဘော်ဇွဲဟာ အောက်တိုဘာလ ၁၃ ရက်က စစ်ကောင်စီနဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ နောက်ကျော သေနတ်မှန်ကာ ကျဆုံးခဲ့တာလို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
 
စစ်ကြောင်းတွေရှုပ်နေတာကြောင့် ရဲဘော်ရဲ့ ဈာပနကို အောက်တိုဘာလ ၁၄ ရက် မနက် ၇ နာရီမှာ စခခန်းမှာပဲ အကျဉ်းချုံးကာ ဘုန်းကြီး ၄ ပါးပင့်ပြီး ရေစက်ချတရားနာ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) ဆီက သိရပါတယ်။
 
စစ်ကောင်စီကို တော်လှန်ရင်း Myingyan Black Tiger အဖွဲ့မှာ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂ ဦးရှိကာ လက်ရှိအထိ ဖမ်းဆီးခံနေရသူ ၁၀ ဦးကျော် ရှိတယ်လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နဲ့ ၁၃ ရက်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်သားနဲ့ ပျူစောထီးတွေကို Myingyan Black Tiger (MBT) အဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
 
တည်းဖြတ် - ငြိမ်းဇော်
 
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10