သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲကပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်းက ရဲဘော်တွေကို ပေါက်မြို့နယ် ရွာ ၅ ရွာက ဒေသခံပြည်သူတွေ ဒီဇင်ဘာ ၁၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အမှတ် ၈ စစ်ကြောင်း၊ စစ်ကော်မရှင်ဆီက သိရပါတယ်။
အမှတ် ၈ စစ်ကြောင်းက ရဲဘော်တွေဟာ ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲကို သွားရောက်တိုက်ခိုက်ပြီးအပြန် ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ပေါက်မြို့နယ် ရွာ ၅ ရွာက ဒေသခံပြည်သူ ၁ ထောင်ကျော်က ကြိုဆိုခဲ့တာပါ။
ကြိုဆိုရာမှာ ပန်းကမ်းတာတွေ၊ ချီးမြှောက်စကားပြောတာတွေ၊ ထမင်းကျွေးတာတွေအပြင် သပြေပန်းတွေနဲ့ပါကြိုဆိုခဲ့တာလို့ အမှတ် ၈ စစ်ကြောင်း၊ စစ်ကော်မရှင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက ရေလာလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိပြီး လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီ စစ်ဆင်ရေးအတွင်း အမှတ် ၈ စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF မှ တပ်စိတ်မှူး ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော်ဟိန်းမင်းခန့် နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက် စစ်ဒေသအထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက် ကျဆုံးပြီး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဖိအနှိပ်ခံပြည်သူလူထုအတွက် ရဲဘော်တွေ ကြိုးစားနေကြပြီး ဒေသခံပြည်သူတွေက အခုလိုကြိုဆိုတဲ့အပေါ် အတိုင်းမသိဝမ်းသာတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
စာတည်း - လင်းဇေ၊ တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေးတိုင်း #ပခုက္ကူခရိုင် #ကမ္မမြို့ #ရေလာလေး
Share Share Share