သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင် ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိပြီး လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၈ စစ်ကြောင်း စစ်ကော်မရှင် အဖွဲ့ဆီက သိရပါတယ်။
အမှတ် ၈ စစ်ကြောင်း စစ်ကော်မရှင် အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဒီဇင်ဘာ ၁၁ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီအင်အား ၃၀ ခန့်ရှိတဲ့ ရေလာလေးစခန်းကို ၁ နာရီခွဲခန့်ကြာအောင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်သုံ့ပန်း ၇ ဦးဖမ်းမိကာ လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရေလာလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန် စစ်ကောင်စီဘက်က လေကြောင်းကနေ ၄ ကြိမ်ပစ်ကူပေးတာတွေရှိပေမဲ့ တိုက်ပွဲ ၁ နာရီခွဲအကြာမှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ၆၀ မမစိန်ပြောင်း ၁ လက်၊ MA 2 ၁ လက် ၊ MA 3 ၁ လက် ၊ M2 ကာဘိုင် ၁၂ လက်၊ ရှော့ဂန်း ၃ လက်၊ 5.56 လက်လုပ် ၁ လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ ၂ ထောင်ဝန်းကျင်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို အမှတ် ၈ စစ်ကြောင်း စစ်ကော်မရှင်က ဦးဆောင်ကာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ Earthquake Peoples Defence Force၊ အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်(Local)တပ်ရင်း၊ Kamma Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
စစ်ဆင်ရေးအတွင်း အမှတ် ၈ စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF မှ တပ်စိတ်မှူး ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက် ကျဆုံးပြီး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရေလာလေးအထိုင်စခန်းကို သိမ်းပိုက်ဖို့ အမှတ် ၈ စစ်ကြောင်း စစ်ကောင်မရှင် ဦးဆောင်မှုအောက်ကနေ စစ်ကြောင်းမှူးတွေ၊ ရဲဘော်တွေ၊ ဒေသခံအဖွဲ့တွေ ပူးပေါင်းပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပြီး ၃ လအတွင်းမှာ ဖော်ဆောင်နိုင်ခဲ့တဲ့ ပထမဦးဆုံး စခန်းသိမ်းပွဲဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး
Share Share Share